
တစ်မိနစ်ဆက်တောင့်ခံလိုက်ရင်
စာရေးသူ - စိုးဘားဒိုင်
အကျဉ်းချုပ်
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က ကျွန်တော့်အနုပညာဟာ ကျွန်တော့် ဆီက လာတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ short fiction လေးတွေ ကျွန်တော် ရေးစမ်းကြည့်ပါတယ်။ flash fiction, micro fiction လေးတွေပါ။ ဒီဝတ္ထု တိုတိုလေးတွေကို လွတ်လပ်ပြီး ဖန်တီးမှုအားပြု ရေးသားခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၃ နှစ်လောက်မှာတော့ ဒီတိုတိုလေးဝတ္ထုတိုတွေကို ပရိသတ်အများနဲ့ အလှမ်းမဝေးတဲ့ပုံစံလေးတွေ ထပ်ရေးကြည့်ပြီး လူမှု ကွန်ရက်ပေါ်ကို တင်ဖြစ်ပါတယ်။ စိတ်ဝင်စားတဲ့ ပရိသတ်တွေ တွေ့လာရပါ တယ်။ ဆရာညိုထွန်းလူ၊ ဆရာဂျိုဇော်၊ ဆရာသိုက်ထွန်းသက်တို့လည်း စိတ်ဝင်စားလာပြီး ရေးကြပါတယ်။ နောက် ပြီးခဲ့တဲ့ ၂ နှစ်က လှိုင်းတိုမီတာ ၆ ဆိုတဲ့ စာအုပ်ကလေး ထွက်ပါတယ်။ ဆရာသိုက်ထွန်းသက်၊ ဆရာ ညိုထွန်းလူ၊ ဆရာဂျိုဇော်၊ ဆရာရဲသျှမ်း၊ ဆရာကြယ်လွဲမိုးနဲ့ ကျွန်တော် ၆ ယောက် ဖြစ်ပါတယ်။
အခုစာအုပ်လေးကတော့ ကျွန်တော်ရေးဖြစ်တဲ့ flash fiction, micro fiction, short short story ၁၀၁ ပုဒ်ကို စုစည်းထားတာပါ။
ကနေဦးရေးခဲ့တဲ့ flash fiction လေးတွေတော့ ဒီစာအုပ်မှာ မပါဘူး။ တတိယလက်ရေးဆိုတဲ့ စာအုပ်ကလေးထုတ်မယ်လို့ ပေးထားပြီးသား ဖြစ်ပါ တယ်။ ကျွန်တော့်အာရုံကျရာအတိုင်း ပိုပြီး လွတ်လပ်စွာရေးသားထားတာ တွေဖြစ်တော့ ပရိသတ်တချို့နဲ့ နည်းနည်းလှမ်းနိုင်တဲ့ ဝတ္ထုတိုတိုလေးတွေ လည်း ဖြစ်ပါတယ်။
ဝတ္ထုရေးဖြစ်ဖို့ အာရုံကို ဖျတ်ခနဲရောက်လာတဲ့ ရိုက်ခတ်မှုကလေးကို ဖွယ်ဖွယ်ရာရာ သိုင်းဝိုင်းဖွဲ့ဆိုမနေတော့ဘဲ ကောက်ရေးလိုက်တဲ့ ဝတ္ထုတိုတို လေးတွေလို့လည်း ဆိုနိုင်ပါတယ်။ ဂယက်လှိုင်းတစ်ခုရဲ့ ဗဟိုချက်လို့လည်း ပြောနိုင်ပါတယ်။ ဖတ်တဲ့သူက သိုင်းဝိုင်းတွေးဆပြီး ဂယက်တွေနောက် လိုက်သွားကြည့်ပြီး ဖန်တီး ခံစားနိုင်ပါတယ်။
ဒီဝတ္ထုတိုတိုလေးတွေကို ပဉ္စဂံစာအုပ်တိုက်က ထုတ်ဝေဖို့ ကမ်း လှမ်းတဲ့အတွက် များစွာ ဝမ်းသာရပါတယ်။ တိုတိုလေးဝတ္ထုတို ၁ဝ၁ ပုဒ်ကို ဖြည်းဖြည်းအေးအေးဖတ်ပြီး စီးမျော လိုက်ပါ ခံစားကြည့်ပါ။ ဖတ်ရှု ခံစား စီးမျောကြည့်မယ့် ပရိသတ်တစ်ယောက်ချင်းစီကိုလည်း ကြိုတင် ကျေးဇူး စကား ဆိုလိုက်ပါတယ်။
စာမျက်နှာ
220
ပုံစံ
Paperback
ထုတ်ဝေသူ
ပဉ္စဂံစာအုပ်တိုက်