
မြန်မာစကားအဖွင့်ကျမ်း (မြန်မာအဘိဓာန်ဋီကာ)
စာရေးသူ - ဦးဖိုးလတ်
အကျဉ်းချုပ်
ဖြည့်စွက်ရေးသား သွတ်သွင်းရန် စကားပေါင်းများစွာ ကျန်ရှိနေပါသေးသည်။ များမကြာမီ ဆက်လက် ပုံနှိပ်ဖြန့်ချိမည့် “မြန်မာစကား အဖွင့်ကျမ်း ဒုတိယတွဲ” တွင်သော် “ပ မှ ဟ' တိုင်အောင်သော အက္ခရာစဉ်ဖြင့် ဆက်လက် ဖော်ပြသွားပါမည်။ ယင်းတွင် နေရာရှိသေးလျှင် ဖြည့်စွက် စကားများကိုပါ ထည့်သွင်း လိုက်ပါမည်။ အကယ်၍ နေရာမရှိတော့က ဖြည့်စွက် စကားများကို သီးသန့်စုပေါင်းရိုက်နှိပ် ဖြန့်ချိပါမည်။ ဤ မြန်မာစကား အဖွင့်ကျမ်းကို ရေးသားပြုစုရာ၌ ရည်ရွယ်ချက်မှာ မြန်မာစကားများ၏ ရင်းမြစ်တို့ကို စီစစ်ကာ အရေးမှန် အနက်မှန်တို့ကို ဖော်ပြပြီးလျှင် မြန်မာဘာသာ၌ စိတ်ပါဝင်စား လေ့လာလိုက်စားသူတို့အား အရေးကြီးသော မြန်မာသတ်ပုံကျမ်းများ၊ ကဗျာကျမ်းများ၊ ရှေးရေး ကျောက် စာ၊ မင်စာများ၊ မြန်မာနှင့် အနွယ်တူဘာသာများ စသည် တို ့နှင့် ရင်းနှီးယဉ်ပါးလာစေ၍ ယင်းပညာရပ်များတွင် စိတ်ပါဝင် လေ့လာလိုက်စားလာကြပြီးလျှင် တရွေ့ရွေ့ တစ်ဖြည်းဖြည်း ခမ်းနားကြီးကျယ်၊ ထယ်ဝါခံ့ညားသော မြန်မာဗိမာန်ကြီးကို အပြီးတိုင် စုပေါင်းတည်ဆောက်နိုင် ကြစေရန် ဖြစ်ပေသတည်း။
စာမျက်နှာ
514
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
26 × 18.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
အဘိဓာန်