
မလိခ မြန်မာဝတ္ထု အညွှန်းပေါင်းချုပ်
စာရေးသူ - နတ်နွယ်
အကျဉ်းချုပ်
ယခုမှပင် မြန်မာဝတ္ထုအညွှန်းပေါင်းချုပ် ကို မြန်မာဝတ္ထုအညွှန်းစာအုပ်များကို စတင်ထုတ်ဝေခဲ့သော ပုဂံစာအုပ်တိုက်မှ ထုတ်ဝေဖြစ်ပါတော့သည်။ ဤသို့ စုစည်းထုတ်ဝေရာတွင် လိုအပ်သောအချက်အလက်များကို ၂ဝဝ၆ ခုနှစ်အထိ ပြင်ဆင် ဖြည့်စွက်ထားပါသည်။ ပြင်ဆင်ဖြည့်စွက်သည်ဆိုရာတွင် စာရေးသူအပိုင်းတွင်သာ ဖြစ်ပါသည်။ ဇာတ်ဆောင်၊ ဇာတ်လမ်းနှင့် ဝေဖန်ချက်အပိုင်းတို့သည် အကျအပေါက်များပြင်သည်မှအပ နဂိုမူလအတိုင်း ဖြစ်ပါသည်။ “ဝတ္ထုနှင့် မြန်မာဝတ္ထုများအကြောင်း”တွင်လည်း အညွှန်းဝတ္ထုများအပေါ် ခြုံငုံသုံးသပ်ရာတွင် မူလ သုံးသပ်ထားသော ဝတ္ထု ၁ဝဝ အထိသာ ဖြစ်သည်။ နောက်ထပ် အညွှန်းများကို မိမိတစ်ဦးတည်းသဘောဖြင့် မသုံးသပ်လို၍ ဆက်လက်သုံးသပ်ခြင်း ပြုမထားပါ။ ဆ အညွှန်းဆောင်းပါးများကို ဖော်ပြခဲ့သော မဂ္ဂဇင်းများ၊ အညွှန်းစာအုပ်များကို ထုတ်ဝေခဲ့သော စာအုပ်တိုက်များ၊ အချက်အလက်များ ကူညီရှာဖွေပေးခဲ့သော စာကြည့်တိုက်မှူးများ၊ စာအုပ်တိုက်များ၊ စာအုပ်ဆိုင်များ၊ ကာယကံရှင် စာရေးဆရာများ၊ စာရေးဆရာများ၏ မိသားစုဝင်များနှင့် အဖက်ဖက်မှ ကူညီကြသော မိတ်ဆွေ များကို အထူးကျေးဇူးတင်ရှိပါသည်။ နတ်နွယ်
စာမျက်နှာ
932
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
24.2 × 18.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ညွန့်ပေါင်းကျမ်း