
ယမကပန်းကုန်း (ပထမတွဲ)
စာရေးသူ - အရှင်ကုမာရ
အကျဉ်းချုပ်
အဟံ-ဆရာ့နည်းစုံ, ကျမ်းနည်းစုံဝယ်, ခိုလှုံနှစ်မြှုပ်, အကျွန်ုပ်သည်၊ ဧတ္ထု-ယမိုက်သာသနာ, တောက်ထိန်ဖြာဖို့, မျှော်ကာကြိုးပမ်း, ဤယမကပန်းကုံးကျမ်း၌၊ ပမဇ္စန္တာ-လွတ်ကင်းသတိ, မေ့လျော့ဘိ၍လည်းကောင်း၊ ဘမရန္တာ-တောင်တောင် ဤဤ, အလီလီထွေပြား, စိတ်ချောက်ချား၍လည်းကောင်း၊ ယံ ခလိတံ ဝစော-ကြောင်းရာမလျော်, ချွတ်ချော်တိမ်းပါး, အကြင်မသင့်တော်သော စကားကို၊ သစေ ဝဒေ-အကယ်ရေးသား, ဆိုမိမှားအုံ၊ ဧဝံ-ပုထုဇဉ်အလိုက်ပို့, စရိုက်အားလျော်စွာ, ဤကဲ့သို့ ဆိုမိခဲ့ပါသော်၊ ဒယာဝရန္တာ-ကိုယ်ချင်းစာတရား, လက်ကိုင်ထားလျက်, သနားကရုဏာ, ရှိကြပါကုန်သော၊ သရန္တာ-ဣဿာကင်းစင်, မေတ္တာဝင်လျက် ဝမ်းတွင်ကိန်းအောင်း, စိတ်မြတ်စိတ်ကောင်း ရှိကြပါကုန်သော၊ ဓီရာ-အနှစ်သာရ, ဖွေရှာကြသည့်, များလှပေတောင်း, ယမကသုတေသီအပေါင်း တို့သည်၊ နော-ဉာဏ်ရှိန်ရောင်ဝါ, ခွင့်မသာအောင်, အဝိဇ္ဇာဖုံးအုပ်, အကျွန်ုပ်တို့၏၊ တံ ဝစော-ကြောင်းအားမလျော်, ချွတ်ချော်တိမ်းပါး, ထိုမသင့်တော်သော စကားကို၊ သော ယန္တု-ဤချို့ယွင်းချက်, ငါ့အတွက်-ဟု, အားတက်ဝမ်းသာ, သုတ်သင်ပြင်ဆင်နိုင် ကြပါစေသတည်း၊ ဝါ-အပြစ်မတင်, အချစ်ဝင်လျက်, ပြင်ဆင်၍သာ, ကြည့်ရှုနိုင် ကြပါစေသတည်း။
စာမျက်နှာ
391
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
9th Edition
စာအုပ်အရွယ်အစား
24.2 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး