
လူတိုင်းအတွက် အသုံးချ မြန်မာစာ
စာရေးသူ - မောင်ခင်မင် (ဓနုဖြူ)
အကျဉ်းချုပ်
ဤစာအုပ်တွင် မြန်မာစာရေးသားရာ၌ သတိပြုရမည့် အခြေခံအချက်များကို တတ်စွမ်းသမျှ ဆွေးနွေးတင်ပြထားပါသည်။ စာရေးရာတွင် ယနေ့ အပြိုင်အသုံးပြုနေသည့် အရေးစကားပြေနှင့် အပြောစကားပြေဟူသော စကားပြေနှစ်မျိုးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်လျက် စကားပြေပုံစံအချို့ကို သာဓကအဖြစ် ဖော်ပြထားပါသည်။ ဤစာအုပ်တွင် ကျွန်တော်အသုံးပြုထားသော ရေးဟန်နှင့်ပတ်သက်၍လည်း ပြောလိုပါသေး သည်။ အရေးစကားပြေဝါကျထဲမှာ အပြောသုံးစကားများ အလျဉ်းသင့်သလို ပေါ့ပေါ့ပါးပါး ထည့်သုံးထားသည့် ရေးဟန်ဖြင့် ဤစာအုပ်ကို ရေးသားထားပါသည်။ ယနေ့ တွင်တွင် ကျယ်ကျယ် အသုံးပြုနေသော ရေးဟန်ဖြစ်ပါသည်။ အပြောသုံးစကားများ၏ပေါ့ပါးသွက်လက်မှု ကို အရေးစကားပြေဝါကျထဲမှာ ပေါင်းဖွဲ့ထားသော ရေးဟန်ဟု ဆိုရမည်ထင်ပါသည်။ နေ့စဉ် မြန်မာစာရေးသားနေရသူများအား ‘အဝတ် မည်သို့ချုပ်ရသည်' ဆိုသည်ကို ဤစာအုပ်ငယ်က သူ့အတိုင်းအတာအလျောက် ပြောပြပါလိမ့်မည်။ မောင်ခင်မင် (ဓနုဖြူ)
စာမျက်နှာ
96
ပုံစံ
Paperback
ထုတ်ဝေသူ
Myanmar Heritage
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.2 × 17.5 cm
ISBN
978-9-999-86517-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
မြန်မာစာပေ