
ချစ်တီး
စာရေးသူ - တင်စိန် (ပထဝီဝင်)
အကျဉ်းချုပ်
ချစ်တီးတွေအကြောင်းရေးဖို့ စီစဉ်ထားတာကတော့ နှစ် ၄ဝ လောက် ရှိပါပြီ။ ရေးမယ်ရေးမယ်နဲ့ အကြောင်းကြောင်းတွေကြောင့် မရေးဖြစ်ခဲ့ပါဘူး။ အခု အသက်က လည်း ၇၆ နှစ်ရှိပြီမို့ လေ့လာမိသလောက်တော့ ရေးထားမှဖြစ်မယ်ဆိုတဲ့ အတွေး ဝင်လာလို့ ရေးတာပါ။ "Bagan Princess" စာအုပ်တိုက်က ဦးသိန်းလွင် (မြန်စာမြေ သိန်းလွင်)တို့ "Plastic Rainbow" စာအုပ်တိုက်က ဦးရွှေကျော်တို့ရဲ့ တိုက်တွန်းနှိုးဆော် ချက်ကြောင့်လည်း ဖြစ်ပါတယ်။ ခေါင်းစဉ်ကတော့ ဆရာမ ဒေါ်စမ်းစမ်းနွဲ့(သာယာဝတီ) ပေးတဲ့ နာမည်ကိုပဲ တပ်လိုက်တာပါ။ ချစ်တီးအကြောင်း စရေးဖို့ အချက်အလက်တွေ စုဆောင်းခဲ့တာ ၁၉၇၂ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ ဒီတုန်းက မောင်ထင် (ဆရာကြီး ဦးထင်ဖတ်) ရဲ့ မြန်မာ့လယ်ယာမြေစံနစ်” စာအုပ်ကိုဖတ်ရင်း တစ်နေရာမှာ -
ချစ်တီးယားလူမျိုးတို့၏အကြောင်းကို ပုဂ္ဂိုလ်အသီးသီးတို့က မှတ်တမ်း အသီးသီးတင်ကြသည်။ ဥပမာဆိုရလျှင် ဒေါက်တာအယ်လ်စီဂျိန်၏ အဆို၌ ချစ်တီးယားလူမျိုးများအနက် နာတ္တူးကော်တိုက် ချစ်တီးတို့သည် အိန္ဒိယပြည် တောင်ပိုင်းဒေသတွင် အလှူဒါနအရာ၌ အလွန်ရက်ရောသော လူမျိုးများဖြစ်ကြ သည်ဟု ဆိုသည်။ သို့သော် သူတို့၏ရက်ရောမှုကို စစ်ဆေးကြည့်ရှုပြန်သော် ဤသို့ တွေ့ရသည်။ ချစ်တီးဆိုတာ ဘယ်သူတွေလဲ
မြန်မာနိုင်ငံ ကျေးလက်ဒေသမှာရော မြို့ပြတွေမှာပါ ချစ်တီးလို့ဆိုရင် ချစ်တီး ထမင်းဆိုင်ကိုပဲ သိတာ များပါတယ်။ အရင်ခေတ်တွေတုန်းကတော့ ချစ်တီးကုလားဆိုတာ ကို ဝတ္ထုတွေ၊ ရုပ်ပြဇာတ်လမ်းတွေ ရုပ်ရှင်ပြဇာတ်တွေမှာ အသားမည်းမည်း ဝဝ ကုလားကြီးတစ်ယောက် အင်္ကျီမပါ ခါးမှာ ကပ္ပလာခေါ်တဲ့ ပိတ်ဖြူပတ်ထား၊ နဖူးမှာ ပြာတွေနဲ့ သုံးလိုင်းဆွဲထားတဲ့ ရုပ်ကြီးကိုပဲ မြင်ကြတယ်။ ကုန်ရောင်းကုန်ဝယ်လုပ်ငန်း ကိုင်လုပ်ကိုင်ကြတဲ့ လူမျိုးစုဖြစ်ပြီး သူတို့ရဲ့ ရိုးရာအစဉ် အလာအရ၊ ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းနဲ့ ငွေချေးလုပ်ငန်းတွေမှာ တစ်နည်းမဟုတ် တစ်နည်း ပါဝင်လုပ်ဆောင်ကြသူတွေဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ သူတို့တွေကို ချစ်တီးယား (Chettiar) လို့ ခေါ်ဝေါ်အသုံးပြုပြီး မျက်မှောက်ခေတ် ချစ်တီးနတ် (Chettinad) ဒေသမှာပဲ ရှေးအစဉ်အဆက် နေထိုင်လာခဲ့ကြသူတွေ ဖြစ်တယ်။ သူတို့တွေဟာ ၁၉ ရာစုခေတ်ကတည်းက ထင်ရှားတဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင် တွေဖြစ်ပြီး ဟိန္ဒူဘုရားကျောင်းကြီးတွေ၊ ကျောင်းတွေ၊ ကောလိပ်တွေနဲ့ တက္ကသိုလ်တွေကို တည်ထောင်ပေးခဲ့ကြသူတွေလည်း ဖြစ်တယ်။