
ဇွတ်
စာရေးသူ - နီကိုရဲ
အကျဉ်းချုပ်
နီကိုရဲ ရေးသားသည့် "ဇွတ်" လုံးချင်းဝတ္ထုသစ်သည် တက္ကသိုလ်ကျောင်းသားလူငယ်များ၏ ဘဝနှင့် အဆောင်နေ ကျောင်းသားများကြားမှ အလွဲအချော်များကို ဟာသနှောကာ ရေးဖွဲ့ထားသည့် ဝတ္ထုတစ်ပုဒ် ဖြစ်ပါသည်။ ဝတ္ထု၏ အစတွင် တက္ကသိုလ်ကျောင်းဖွင့်ချိန်၌ အဆောင်သို့ ကြိုတင်ရောက်ရှိလာသော စီနီယာကျောင်းသား တင်အောင်မင်းသိမ်းနှင့် အဆောင်ပိုင်ရှင်၏ မြေးဖြစ်သူ မိုးကျော်တို့အကြား ခုတင်နေရာလုရာမှ စတင်၍ ဇာတ်လမ်းဆင်ထားပါသည်။ အဆောင်တွင် အတူနေထိုင်ရမည့် ကျောင်းသားများဖြစ်သော တင်အောင်မင်းသိမ်း (Physics Major)၊ မိုးကျော် (Psychology Major)၊ ဝင်းနိုင် (မြန်မာစာ) တို့သည် အဆောင်၌ ဆုံတွေ့ကြပြီး မိတ်ဆက်ကြပုံကို ရေးသားထားပါသည်။ ထို့အပြင် ကျောင်းမဖွင့်မီကာလအတွင်း သူငယ်ချင်းများဖြစ်ကြသော မိုးစိုး၊ မိလေး၊ ခေမာနှင့် သာသာတို့ သူငယ်ချင်းတစ်စု ဆုံတွေ့ကြပြီး ထမင်းဆိုင်တွင် ဟင်းဝယ်ရာမှ ဖြစ်ပေါ်လာသည့် ရယ်မောဖွယ်ရာ အလွဲအချော်များကိုလည်း ထည့်သွင်းပုံဖော်ထားပါသည်။ အထူးသဖြင့် ဗုဒ္ဓဘာသာဆိုင်ရာ အဆုံးအမများ၊ ကျောင်းသားလူငယ်တို့၏ ပျော်ရွှင်စရာ အခိုက်အတန့်များနှင့် လူမှုပတ်ဝန်းကျင်မှ တွေ့ကြုံရတတ်သော အလွဲများကို နီကိုရဲ၏ ကိုယ်ပိုင်ဟန်ဖြစ်သော ရိုးရှင်းသည့် စာသားများ၊ ဟာသမြောက်သော အရေးအသားများဖြင့် ဖတ်ရှုသူ စွဲမက်ဖွယ် ရေးဖွဲ့ထားသော ဝတ္ထုကောင်းတစ်ပုဒ် ဖြစ်ပါသည်။
စာမျက်နှာ
215
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
20 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု