
အပဒါန်ဝတ္ထုတော်ကြီး(ပုံတော်စုံ)
စာရေးသူ - အရှင်ဓမ္မဿာမီဘိဝံသ
အကျဉ်းချုပ်
ဤကျမ်းစာ၏ ရည်ရွယ်ချက်မှာ ရဟန်းရှင်လူ ပြည်သူ အရွယ်မရွေး ထေရဝါဒလာ ဘာသာယဉ်ကျေးမှုဆိုင်ရာ အသိပညာများ ပိုမို ရရှိစေရန် ဖြစ်သည်။ နည်းနှစ်မျိုးဖြင့် ဖော်ပြထား ထေရီတို့၏ အကြောင်းအရာများကို ဖော်ပြရာ၌ စကားပြေဖြင့် ပထမ ဖော်ပြထားသည်။ ထို့နောက် ထေရီတို့ ရဟန္တာဖြစ်ကြသောအခါ ပြန်လည် ဟောပြချက်များကို ပါဠိဂါထာများ၊ ဂါထာအနက် နိဿယများအားဖြင့် ဒုတိယ ထပ်မံ ဖော်ပြထားသည်ကို တွေ့ရပေမည်။ ဤသို့ နည်းနှစ်မျိုးဖြင့် ဖော် ပြရခြင်းမှာ ပါဠိစာပေ မကျွမ်းကျင်သူများ အနေဖြင့် စကားပြေဖြင့် ဖော်ပြထားသော ထေရီတို့အကြောင်း (ထေရီအပ ဒါန်)တို့ကို ဖတ်ရှုကာ ထေရီတို့ဘဝ အစုံကို သိနိုင်မည်။ ပါဠိကျွမ်းကျင်သူနှင့် တစ်ဆင့်ဟောပြလိုသူတို့အတွက် ပါဠိဂါထာများ၊ ဂါထာအနက်ပေးထား ပုံများကို ဖတ်ရှုကာပိုမို၍ မှတ်သားလွယ်နိုင်သည်။ ဂါထာအနက်ပေးနည်းများ မှာလည်း ရှေးရိုးဆန်ဆန်ဖော်ပြထားခြင်း မဟုတ်ပေ။ ခေတ်စနစ် အခြေ အနေအရ သုံးနှုန်းသောစကားလုံးများဖြင့် ဖော် ပြထားသည်ကို တွေ့ရပေမည်။ ဤသည်မှာ ပါဠိနှင့် ပါဠိအနက်များကို ဖတ်ရှုရာ၌ ငြီးငွေ့မှုနည်းစေရန်ဖြစ် ပေသည်။ အကြောင်းအရာ အချို့၌ ကာလာရောင်စုံပုံများဖြင့် ဖော်ပြထားရာ ပိုမိုသိလွယ်၊ မှတ်မိလွယ်စေသည်။
စာမျက်နှာ
553
ပုံစံ
Paperback
ထုတ်ဝေသူ
ခင်ချို ထွန်းစာပေ
ထုတ်ဝေသည့်နှစ်
2004
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
25 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး