
အဘိဓမ္မာသင်တန်းပို့ချချက်များ (ပထမတွဲ)
စာရေးသူ - အရှင်သီလာနန္ဒာဘိဝံသ (D.Litt.)
အကျဉ်းချုပ်
ဤအဘိဓမ္မာသင်တန်း ပို့ချချက်များကို အမေရိကန်နိုင်ငံရောက် မြန်မာ အမျိုးသားအမျိုးသမီးများအတွက် ပို့ချခဲ့ပါသည်၊ မြန်မာနိုင်ငံ၌ ထုတ်ဝေရန် ရည်ရွယ်ချက် မရှိခဲ့ပါ၊ အကြောင်းကား မြန်မာနိုင်ငံ၌ မိမိထက် အဘိဓမ္မာအရာ၌ ကျွမ်းကျင်သောဆရာတော်များ ရှိနေ၍တစ်ကြောင်း, မြန်မာလို ရေးသားထားသော အဘိဓမ္မာစာအုပ်များ များစွာရှိနေ၍ တစ်ကြောင်း ဖြစ်ပါသည်။ တစ်ပတ်တစ်ခါ, တစ်ခါလျှင် တစ်နာရီပို့ချခဲ့ပါသည်၊ အားလုံးပေါင်း ၅၆ ကြိမ်, တိတ်ခွေ ၅၆ ခွေစာ ပို့ချခဲ့ပါသည်၊ နဂိုက မြန်မာနိုင်ငံ၌ထုတ်ဝေရန် ရည်ရွယ်ချက် မရှိသော်လည်း တစ်နေ့သ၌ Fremont မြို့ မေတ္တာနန္ဒဝိဟာရ ကျောင်းတိုက် ဆရာတော်ဦးဓမ္မပိယနှင့် စကားစပ်မိရာ သူက မြန်မာနိုင်ငံ၌ ထုတ်ဝေလိုကြောင်း, မြန်မာအမျိုးသား အမျိုးသမီးများအဖို့လည်း ကျေးဇူးများနိုင် ကြောင်းနှင့် မိမိတို့အနေနှင့်လည်း နည်းယူစရာရနိုင်မည်ဖြစ်ကြောင်းများကို ပြောသဖြင့် မြန်မာပြည်၌ထုတ်ဝေရန် သဘောတူခဲ့ပါသည်၊ တစ်ဖန်တုံ ဤသို့ စာအုပ်ရိုက်မည့်အကြောင်းကို ရွှေစန္ဒာထွန်းစာပေမှသိရှိသွား၍ သူတို့ကပင် တာဝန်ယူရိုက်၍ ဖြန့်ချိရန် တောင်းပန်သဖြင့် ဤစာအုပ်မှာ ပို၍ လျှင်မြန်စွာ ထွက်ပေါ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။
စာမျက်နှာ
352
ပုံစံ
Paperback
ထုတ်ဝေသူ
ရွှေစန္ဒာထွန်းစာပေ
ထုတ်ဝေသည့်နှစ်
2004
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး