
သုတ္တန္တနီတိကျမ်း
စာရေးသူ - လယ်တီပဏ္ဍိတဦးမောင်ကြီး
အကျဉ်းချုပ်
ဤ “သုတ္တန္တနီတိကျမ်း” ၏အကြောင်း နိဒါန်းသော်ကား စစ်ကိုင်းတောင်ရိုး ဇမ္ဗုပတိချောင် ဓမ္မကထိက ဦးပဒုမ ကိုယ်တော်က အမိန့်ရှိတော်မူသည်မှာ− “ဆရာသည်- ၁။ စာဏကျနီတိကျမ်း၊ ၂။ နိတိမဉ္ဇရီကျမ်း၊ ၃။ နီတိမာလာကျမ်း၊ များကို ရေးသားခဲ့ရာ အလွန်တရာ အနှစ်သာရဂုဏ်နှင့် ပြည့်စုံ၍ ကြည့်ရှု လေ့ကျင့်ကြကုန်သော အမျိုးသား၊ အမျိုးသမီးတို့အား အကျိုးများစွာ ဖြစ်ထွန်းကြောင်း ထင်ရှားလှပါသည်။ တရားဟော ရောက်ရာရောက်ရာ ဌာနတို့၌ ဆရာ ရေးသားအပ်သော နီတိကျမ်းများကို တွေ့ရှိရပါသည်။ “ထိုဆိုခဲ့ပြီးသော နီတိကျမ်းများသည်ကား လောကီသင်္သကရိုက် ဆရာကြီးတို့ ရေးသားထားခဲ့သော နီတိကျမ်းဟောင်း အမျိုးစုံတို့မှ ဆိုင်ရာ ဆိုင်ရာ ဂါထာများကို ထုတ်နုတ်၍ အနက်မြန်မာ ပြန်ဆိုပြီးလျှင် ဆောင်ပုဒ် လင်္ကာ၊ အဖွင့်ဝဏ္ဏနာနှင့်တကွ သိလွယ်အောင် ရေးသားထားပေသည်များ ကိုလည်း သိရှိရပါသည်။
စာမျက်နှာ
157
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
21 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး