
သီမာသင်္ကရဝိနိစ္ဆယ နှင့် ဘိက္ခု နီဝိနိစ္ဆယ
စာရေးသူ - တိပိဋကဓရ ဓမ္မဘဏ္ဍဂါရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသိရိန္ဒာဘိဝံ ယောဆရာတော်ဘုရားကြီး
အကျဉ်းချုပ်
ရဟန်းတော်များ ကံကြီးကံငယ်ကိစ္စ ဆောင်ရွက်ကြသည့်အခါ များ၌ သိမ်ချင်းရောယှက်နိုင်သည့် နေရာများတွင် သိမ်ချင်းရောယှက်မှု မဖြစ်ရအောင် အထူးသတိပြုဖို့လိုသည်။ သိမ်သည် သာသနာတော် အတွက် လွန်စွာအရေးကြီးလှ၍ ရဟန်းတော်တိုင်း သိမ်အကြောင်းကို သိအောင် လေ့လာထားဖို့လိုသည်။ သိမ်အကြောင်းကို သိအောင် လေ့လာမထားဘဲ ကံကြီးကံငယ်ကိစ္စများကို ထင်မိထင်ရာ ဆောင်ရွက် မိပါက ကံပျက်သွားနိုင်သည်။သီမာသင်္ကရ (သိမ်ရောယှက်မှု)နှင့် စပ်လျဉ်း၍ ယုံမှားသံသယ ဖြစ်ပွားနေကြသောပုဂ္ဂိုလ်များ ယုံမှားသံသယကင်းရှင်းကြစေရန် သာသနာတော်အတွက် အမြှော်အမြင်ကြီးမားတော်မူကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများက တိပိဋက ယောဆရာတော်ကြီးအား သီမာသင်္ကရဝိနိစ္ဆယ(သိမ်ရောယှက်မှု အဆုံးအဖြတ်)ကို ရေးသားပြုစုပေးရန် တာဝန်ပေးလိုက်ခြင်းဖြစ်သည်။ ထိုစာအုပ်သည် သီမာသင်္ကရ(သိမ်ရောယှက်မှု)နှင့် စပ်လျဉ်း၍ ရှင်းလင်းစွာ ဆုံးဖြတ်ထားသော စာအုပ်ဖြစ်သည်။
စာမျက်နှာ
94
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဝိသုဒ္ဓါရုံ ရွှေကျင်တိုက်သစ်
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး