
ကျွန်မတို့ မန္တလေးက မန္တလေးတောင်
စာရေးသူ - လူထုဒေါ်အမာ
အကျဉ်းချုပ်
အမေမရှိတော့တဲ့နောက် ကျွန်မက မန္တလေးနဲ့ ဆိုင်ရာ စာအုပ် တွေကို ရေးတယ်။ တချို့ကို ဆရာဒေါက်တာသန်းထွန်းက အင်္ဂလိပ်လို ဘာသာပြန်ပေးတယ်။ အဲဒီစာအုပ်တွေကို နိုင်ငံခြားက မိတ်ဆွေများ မန္တလေးလာကြရင် အင်္ဂလိပ်ဘာသာပြန် ပါတာတွေကို ကျွန်မက လက်ဆောင်ပေးတတ်တယ်။ ညတော့ ဒါတွေဖတ်၊ ဖတ်ပြီးမှ နေ့မှာ သွားကြည့်ပါလို့ မှာတတ်သေးတယ်။ မြန်မာ မိတ်ဆွေတွေကိုလည်း ကျွန်မက မန္တလေးဘုရားဖူးလာတယ်ဆိုရင် ရိုက်ပြီးသားရှိလို့ကတော့ ပေးလိုက်တာချည်းပဲ။ အဲဒီတော့ ကျွန်မမှာ ငယ်ငယ်က အမေ့ကို ပြောမိ ဆိုမိခဲ့တာတွေ ဝဋ်လည်နေပါပကောလို့ တွေးမိလာတာပေါ့။ အမေကမှ ပါးစပ်ကပြောရုံ ပြောရှာတာ၊ ကျွန်မက ရေးရသေးတယ်၊ ရိုက်ရသေးတယ်လေ။ ဒါကြောင့် ကာယကံ ဝစီကံ မနောကံတို့နဲ့ လွန်မိသမျှ ကျူးမိ သမျှ မွေးသမိခင် ကျေးဇူးရှင်ရယ် အမိုက်အမဲကို ခွင့်လွှတ်ပါလို့ တောင်းပန် ဝန်ချကန်တော့လိုက်ပါတယ်။
စာမျက်နှာ
87
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 14.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ