
ပါဠိဗောဓိ (ဓာတုပစ္စယန္တပိုင်း)
စာရေးသူ - အရှင်ဂုဏိဿရ
အကျဉ်းချုပ်
သဒ္ဒါဟူသည် ကျယ်ဝန်းလှသည်ဖြစ်၍ ရူပသိဒ္ဓိ၌ မပြသော်လည်း အခြားကျမ်းဂန်များ၌ ပြအပ်သည့် သာဓနများလည်း ရှိတတ်ပေသေး၏၊ ဥပမာ-အနီယပစ္စည်းကို ရူပသိဒ္ဓိ၌ ကတ္တု, ကမ္မ, ကရဏ, ဘာဝသာဓနတို့ ့ဖြင့်သာ ပြထားသော်လည်းအခြားကျမ်းဂန်တို့၌ကား “ဒီယတေ အဿာတိ-ဒါနီယော, ဘိက္ခု၊ တိဋ္ဌတိ ဧတ္ထာတိ-ဌာနီယော, ဒေသော”၊ ဤသို့ သမ္ပဒါန, အဓိကရဏသာဓနတို့၌ သက်ထားသည်ကိုလည်း တွေ့ရပေသည်၊ ဤ၌ကား ရူပသိဒ္ဓိကို ပဓာနထားသည်ဖြစ်၍ ရူပသိဒ္ဓိသက်ထားသမျှကို ထုတ်ပြခြင်းဖြစ် ပါသည်။ ထိုမှတစ်ပါး ဓာတ်နှင့်ဓာတ်နက်များကိုလည်း ပြထားပါသေးသည်၊ ရုပ်ပြီးပြထားသည့် ပုဒ်တို့ကိုလည်း အက္ခရာစဉ်ဖြင့် ထုတ်ပြပါသည်၊ ဤကျမ်း၌ ပြထားအပ်သည့် ရုပ်ပြီးပုံ, ဝိဂ္ဂဟပြုပုံ, အနက်ဖော်ပုံ စသည်တို့၌ တိမ်းပါး ချွတ်ချော်မူများ တွေ့ရှိပါက ပြင်ဆင်ကြပါရန်လည်း ပန်ကြားပါသည်။ ဤပါဠိဗောဓိ (ဓာတုပစ္စယန္တပိုင်း)ကို ရူပသိဒ္ဓိကို မူတည်ပြီး အခြေပြုသဒ္ဒါ, ရူပသိဒ္ဓိဘာသာဋီကာ (ဒု), ဓာတွတ္ထပန်းကုံးတို့ကို မှီငြမ်းပြုကာ ရေးသားထား ပါသည်။
စာမျက်နှာ
399
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
24.5 × 17 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး