
နွံထဲကကြာ
စာရေးသူ - မြသန်းတင့်၊ သိန်းဖေမြင့်
အကျဉ်းချုပ်
‘နွံထဲကကြာ” မှာ ရုပ်ရှင်ရိုက်ကူးရန် ဇာတ်ညွှန်းအဖြစ်ဖြင့် စ၍ ရေးခဲ့သော ဝတ္ထုဖြစ်သည်။ အိမ်တစ်လုံးဆောက်လုပ်ရန် ငွေရဖို့အရေး အမည် ဖော်၍ လည်းကောင်း၊ မဖော်ဘဲလည်းကောင်း ဇာတ်ညွှန်းများရေးခဲ့ရာ “နွံထဲ ကကြာ” လည်း အပါအဝင် ဖြစ်လေသည်။ သို့သော် ဇာတ်ညွှန်းအဖြစ်ဖြင့် ယနေ့ထိ ရောင်းမစွံသေးပါ။ ဇာတ်လမ်းက တည်လွန်း ခံ့လွန်း ခက်လွန်း အားကြီး၍ ရုပ်ရှင်မရိုက်ရဲကြဟု ဆိုကာငြင်းခဲ့ကြလေသည်။ ဤလို ဇာတ်ညွှန်း အဖြစ်ဖြင့် မစွံသေးဘဲ ရှိနေတုန်း၊ ဗိုလ်တထောင် သတင်းစာက အခန်းဆက်ဝတ္ထုတစ်ပုဒ်ထည့်ရန် ဆန္ဒရှိနေတုန်း ဝတ္ထုရေး ဆရာမြသန်းတင့်နှင့် တွေ့ကြလေသည်။ ငါ့ “ဇာတ်ညွှန်း ဝတ္ထုအဖြစ်ရေးပေး ပါလားကွာ” ဟု ကျွန်တော်က ပြော၍ သူက “ကောင်းသားပဲ” ဟုသဘော တူလိုက်လေသည်။ သို့ဖြင့် ဗိုလ်တထောင်သတင်းစာတွင် သိန်းဖေမြင့်နှင့် မြသန်းတင့်တို့ရေးသော “နွံထဲကကြာ” ဝတ္ထုရှည်ကြီး ပါလာပါတော့သည်။ ‘နွံထဲကကြာ’ ဝတ္ထုမှာ ရုရှားဂန္ထဝင် စာရေးဆရာကြီး တော်လ်စ်တွိုင်း ရေး သော Resurrection ဝတ္ထုကြီးကို အခြေခံ၍ သင့်လျော်သလို ပြုပြင်ရေး သားထားခြင်း ဖြစ်သည်။
စာမျက်နှာ
488
ပုံစံ
Paperback
ထုတ်ဝေသူ
ဇွန်ပွင့်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
5th Edition
စာအုပ်အရွယ်အစား
21 × 13.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု