
စကားပြောသောစကားလုံးများနှင့်သုတရသဓမ္မစာစုများ
စာရေးသူ - ဆန်းထွန်းဦး(ဘဒ္ဒန္တစန္ဒဝံသာဘိဝံသ)
အကျဉ်းချုပ်
အသက် (၆ဝ) ကျော် တစ်ဝက်နင်း၍ (၇ဝ) တွင်းသို့ ချင်းနင်း ဝင်ရောက်လာသောအခါ အရွယ်ရောက်လာကြသော မိမိ၏တပည့်များက မိမိအား အာစရိယပူဇော်ပွဲ ကျင်းပရန် စီမံစိုင်းပြင်းကြပြီး မိမိရေးသားခဲ့သည့် စာများကို ရတတ်သမျှ ရှာဖွေစုဆောင်းကာ အာစရိယပူဇော်ပွဲအတွက် သူတို့ စုပေါင်း ရေးသား၍ ဓမ္မဒါနဝေငှမည့် “ကျောက်ဆစ်သမားသို့ လွမ်းချင်း စာစုများ” ဟူသော စာမူနှင့်အတူ ပြည်မြန်မာစာပေတိုက်ရှင်အထံ ဤ “စကားပြောသော စကားလုံးများနှင့် သုတ၊ ရသ ဓမ္မစာစုများ” ကို မိမိ၏သက်တော် (၆၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေဖြန့်ချိပေးပါရန် မေတ္တာရပ်ခံ အပ်နှံကြပါသည်။ သို့ဖြစ်ရာ စာအုပ်ဖြစ်မြောက်အောင် စီမံ ဆောင်ရွက်ကြသော တပည့်များ၊ ထုတ်ဝေဖြန့်ချိပေးပါသော ပြည်မြန်မာစာပေတိုက်ရှင်နှင့် တိုက်သားများ၊ ကွန်ပျူတာစာစီရိုက်နှိပ်ပေးကြသော ပါဠိကာရီ အမှတ် (၉) ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ တာဝန်ခံ ကျောင်းအုပ်ဆရာမ ကြီးနှင့် ဆရာမများအား ကျေးဇူးတင်ပါကြောင်း ဖော်ပြပါသည်။ ထို့ပြင် ဤစာစု၌ အချို့စာများကို အခြေအနေနှင့် အကြောင်းအရာအလိုက် ဆီလျော် အောင် သုံးစွဲခဲ့သော စာရေးသူ၏ နာမ်စားအသုံးကိုလည်း နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။
စာမျက်နှာ
573
ပုံစံ
Paperback
ထုတ်ဝေသူ
ပြည်မြန်မာ
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
1231231671670
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး