
ဓမ္မကထိက လမ်းညွှန်
စာရေးသူ - ဒေါက်တာ အရှင်သုဝဏ္ဏ
အကျဉ်းချုပ်
စာရေးသူ အရှင်ပညာစက္က‘သည် မိမိပို့ချသော သင်တန်း၏ အာဒိကမ္မိက တပည့် ဖြစ်နေသည်က တစ်ကြောင်း၊ ဆရာတစ်ဦး၏ ဟောပြောသမျှကို စဉ်ဆက်မပြတ် နောက်က လိုက်ရေးနေရသည့် သင်တန်းသား သံဃာတော်များ ဒုက္ခမရောက်စေရေးတို့ကို ရှေးရှုသည်က တစ်ကြောင်း၊ ဝါသနာ စေတနာ အနစ်နာ တွေပါ ဆင့်တိုးပြီး သင်တန်းသားများအား စာအုပ်အဖြစ်ဖြင့် တိတိကျကျ ခိုင်ခိုင် မာမာ အထောက်အထား သာဓကတွေ စုံလင်စွာနဲ့ ပေးဆပ်လိုက်ချင်သည်က တစ်ကြောင်းစသော အကြောင်းအရာများစွာတို့ကြောင့် ဤအရှင်၏ စာမူကို သေချာစွာ စိစစ်၍ မိမိအနေဖြင့် ခွင့်ပြုပါကြောင်းနှင့်၊ အမှာစာ ရေးပေးရန်ဟူသော တောင်းဆိုလျှောက်ထားချက်အရ ဆရာက လည်း ဒီစာ ဒီတရားများသည် မိမိ၏ဆရာများက သင်ကြားပြသခဲ့သည် များဖြစ်၍၊ မိမိလည်း ဒီစာအုပ်ကို သင်တန်း လက်ကိုင် အထောက်အကူဖြစ်အောင် လက်ကိုင်စွဲ သုံး၍ ပို့ချသွားမည်ဖြစ်ကြောင်း၊ ဆရာနှင့်တပည့်အတူ လက်တွဲနိုင်ရေးအတွက် ဒီစာအုပ်က ပေါင်းကူး ပေးမည်ဖြစ်ကြောင်း ထပ်လောင်းပြောကြားရင်း ဓမ္မကထိက သင်တန်း ကြီးအား အထောက်အကူပေးမည့် ဒီစာအုပ်ကို ဝမ်းမြောက် ဝမ်းသာစွာဖြင့် လက်ခံကြိုဆိုပါကြောင်း မုဒိတာပွား၍ အမှာစကား ပါးလိုက်ရပါသတည်း . . . ။
စာမျက်နှာ
115
ပုံစံ
Paperback
ထုတ်ဝေသူ
အရှေ့အိမ်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး