
သိက္ခာရှိရှိနေမယ် ခွင့်လွှတ်ပါတယ်
စာရေးသူ - ဆရာတော်ဦးဇောတိက
အကျဉ်းချုပ်
ဆရာတော် စာအုပ်နာမည်အမျိုးမျိုးနဲ့ ရေးပေမဲ့ လိုရင်း အကြောင်း အရာက တစ်ခုပဲ ဖြစ်ပါတယ်။ “ဘဝကို တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ နေ့ဖို့” ပဲ။ ဒါကြောင့် ဆရာတော်ရဲ့စာအုပ်တွေဟာ ဆက်စပ်နေပါတယ်။ တခြားစာအုပ်တွေကို ဖတ်ကြည့်ရင် ဒီစာအုပ်ကို ပိုပြီးနားလည်မယ်။ လူ့ဘဝမှာ ဖြစ်သမျှကိစ္စတွေ အားလုံးဟာ ဆက်စပ်နေပါတယ်။ ဒါကြောင့် လူ့ဘဝအကြောင်းကို ဘယ်လိုရှုထောင့်ကနေ ကြည့်ကြည့် အဲဒီ ရှုထောင့်ကနေ မြင်ရတဲ့အမြင်ဟာ ကျန်တဲ့ ရှုထောင့်တွေကနေကြည့်ရင် မြင်ရတဲ့အမြင်တွေနဲ့ ဆက်စပ်မှု ရှိရမယ်။ ဆက်စပ်မှုရှိမှသာ မှန်တဲ့အမြင်လို့ ဆိုနိုင်တယ်။ ပညာရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီပွါးရေးရှုထောင့်၊ ဘာသာရေးရှုထောင့်၊ နိုင်ငံရေးရှုထောင့် စတဲ့ ရှုထောင့်တွေမျိုးစုံကနေ ရလာတဲ့ အမြင်တွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုရှိပြီး တစ်ခုကိုတစ်ခု ဖြည့်ပေးရမယ်။ ဆရာတော်ဟာ ဘဝအကြောင်းကိုရေးတာဖြစ်လို့ ဆရာတော်ရဲ့ စာအုပ် တွေဟာ ဆက်စပ်နေပါတယ်။ ပိုပြီးပြည့်စုံတဲ့ ဘဝအမြင်ကို ရချင်ရင် တခြားစာအုပ်တွေကိုလည်း ဖတ်မှဖြစ်မယ်။ ပြည့်စုံတဲ့ ဘဝအမြင်ကို ရပါစေ။
စာမျက်နှာ
112
ပုံစံ
Paperback
ထုတ်ဝေသူ
ရေတံခွန်စာပေ
ထုတ်ဝေသည့်နှစ်
2002
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
19 × 13 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး