
မဃဝါဇိတ်
စာရေးသူ - မင်းသိင်္ခ
အကျဉ်းချုပ်
၁၉၄၀ ပြည့်နှစ်ဝန်းကျင် ဒုတိယကမ္ဘာစစ်မဖြစ်မီကာလ ရန်ကုန်မြို့၊ ကျောက်မြောင်းရပ်ကွက်ရှိ သိကြားသာသနာကို ယုံကြည်ကြသည့် "အထက်ဂိုဏ်းဆရာများ" စုဝေးရာ ဣစ္ဆာသယရိပ်သာတွင် အသက်မွေးဝမ်းကျောင်းအဖြစ် ပန်းပဲလုပ်ငန်းလုပ်ကိုင်ပြီး ဝိဇ္ဇာလမ်းစဉ်ကိုလိုက်စားသည့် ထက်မြက်သော ဆရာကိုမာဃနှင့် ထိုရိပ်သာတွင် အလုပ်လုပ်ကိုင်သည့် မဇာလီတို့၏အကြောင်းကို အခြေခံထားပါသည်။ ကိုမာဃသည် မဇာလီအပေါ် မေတ္တာရှိသဖြင့် ပညာများသင်ကြားပေးခဲ့သော်လည်း၊ တစ်နေ့တွင် ရိပ်သာရှိ မီးခံသေတ္တာအတွင်းမှ အသင်းပိုင်ရွှေနှင့်ငွေများ ပျောက်ဆုံးမှုတွင် ကိုမာဃ လိပ်ပြာလွင့်မေ့မျောနေချိန်ကို အခွင့်ကောင်းယူ၍ ပဌမံဝင်းထိန်က ခိုးယူကာ ကိုမာဃအပေါ် အပြစ်ပုံချခဲ့သဖြင့် ကိုမာဃမှာ မတရားစွပ်စွဲခံရပြီး ရိုက်နှက်နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ထိုအဖြစ်အပျက်ကြောင့် စိတ်နာကျင်ပြီး အရှက်ရခဲ့သော ကိုမာဃသည် မိတ်ဆွေဖြစ်သူ ကျောက်ထိုးဆရာ ကိုမာဋလိ၏ အကူအညီဖြင့် ပဲခူးရိုးမတောင်ခြေရှိ "ရန်မလို" ရွာကလေးသို့ ပြောင်းရွှေ့ကာ တစ်ကိုယ်တည်း ကျောက်တုံးအိမ်ကလေးဆောက်၍ အေးချမ်းစွာ နေထိုင်ခဲ့ပုံကို ရေးသားထားခြင်းဖြစ်ပါသည်။
စာမျက်နှာ
130
ပုံစံ
Paperback
ထုတ်ဝေသူ
ဘုမ္မာဝတီစာပေ
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.3 cm
ISBN
9786030411504
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဝတ္ထု
အမျိုးအစားခွဲများ
ဝတ္ထု