
စိတ်
စာရေးသူ - ချမ်းမြေ့ဆရာတော်
အကျဉ်းချုပ်
ကျေးဇူးတော်ရှင် ချမ်းမြေ့ဆရာတော်ဘုရား သည်၊ ရန်ကုန်မြို့ မဟာစည်သာသနာ့ရိပ်သာ၌ သီတင်း သုံးနေစဉ် ၁၃၃၁ ခုနှစ်၊ ဝါခေါင်လဆန်း ၈ ရက်နေ့၌ စိတ်ထားဖြူဖွေး ချမ်းသာရေး တရားတော်ကို စတင် ဟောခဲ့ရာ တရားပတ်ပေါင်း ၁၅ ပတ်ကြာမှ အပြီးသတ် ပါသည်၊ ကက်ဆက်ခွေ ၃၆ ခွေခန့်ရှိပါသည်၊ ထို့နောက် မန္တလေးမြို့ ရတနာပုံ သာသနာ့ရိပ်သာ၌ သီတင်းသုံးစဉ် ၁၃၃၇ ခုနှစ်၊ ဝါခေါင် လကွယ်နေ့၌ “စိတ်ထားဖြူဖွေး ချမ်းသာရေး” တရားတော်ကိုပင် “စိတ်” တရားဟု အမည် တပ်၍ ဟောကြားချီးမြှင့်ခဲ့ပါသည်၊ ထိုစိတ်တရားကိုမူ တရက်တည်းနှင့် အစအဆုံး အပြီးသတ် ဟောကြား ချီးမြှင့်ပါသည်၊ ဟောချိန် ၂ နာရီဖြစ်၍ မတိုမရှည် တရား ဖြစ်ပါသည်၊ ထို့နောက် ရန်ကုန် ချမ်းမြေ့ရိပ်သာ ပေါ်ပေါက်လာသောအခါ ချမ်းမြေ့ရိပ်သာ၌လဲ ထိုစိတ်တရား ကိုပင် ဟောကြားချီးမြှင့်ပါသည်၊ ယခု ဤ“စိတ်”စာအုပ် မှာ မန္တလေး ရတနာပုံရိပ်သာ၌ ဟောကြားချီးမြှင့်သော တရားကို ပဉ္စမအကြိမ် ပူဇော်ပွဲအမီ ကသုတ်ကသက် အကျဉ်းချုံးတည်းဖြတ်၍ ထုတ်ဝေလိုက်ရပါသည်၊ အကျဉ်းချုံး တည်းဖြတ်ရသော်လဲ တရားအချက်အလက် ပြည့်စုံသင့်သလောက် ပြည့်စုံသောကြောင့် ဖတ်ပျော် မှတ်ပျော်သော တရားစာအုပ်တအုပ် ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။
စာမျက်နှာ
89
ပုံစံ
Paperback
ထုတ်ဝေသူ
ချမ်းမြေ့ရိပ်သာကျောင်း
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18.5 × 12.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး