
လူမှုဘာသာဗေဒ
စာရေးသူ - ဒေါက်တာအောင်မြင့်ဦး
အကျဉ်းချုပ်
ယခုဒုတိယအကြိမ်ထုတ်ဝေသည့် ‘လူမှုဘာသာဗေဒမိတ်ဆက်' စာအုပ်တွင် ပထမအကြိမ်ထုတ်ဝေစဉ်ကအတိုင်း ပုဒ်ရေ ၁၆ ပုဒ် ပါဝင် ပါသည်။ ထိုပုဒ်ရေ ၁၆ ပုဒ်သည် ကျွန်တော် ၂၀၂၄ ခုနှစ်က ထုတ်ဝေ ခဲ့သည့် ‘လူမှုဘာသာဗေဒလက်စွဲ' စာအုပ်တွင် ၁၂ ပုဒ် ပါရှိပြီး ယခုနှစ် (၂၀၂၅ ခုနှစ်) မေလက ထုတ်ဝေခဲ့သည့် ‘တုံ့လှယ်လူမှုဘာသာဗေဒ စာအုပ်တွင် ၄ ပုဒ် ပါရှိပြီး ဖြစ်ပါသည်။ ‘လူမှုဘာသာဗေဒလက်စွဲ' နှင့် ‘တုံ့လှယ်လူမှုဘာသာဗေဒ' စာအုပ်နှစ်အုပ်သည် လူမှုဘာသာဗေဒ ပညာရပ်နယ်ပယ်ကြီးတစ်ခုလုံးကို လွှမ်းခြုံမိစေရန် ရေးသားထားသည် ဖြစ်ရာ ပုဒ်ရေများစွာပါရှိနေသဖြင့် သင်ကြားရေးအတွက်ပိုမို ချောမွေ့ အဆင်ပြေစေရန် ယင်းတို့အထဲမှ ‘လူမှုဘာသာဗေဒမိတ်ဆက် မူလ ခေါင်းစဉ် ၁၆ ပုဒ်ကို ရွေးနုတ် ထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။ အလျဉ်းသင့်သည့်အချိန်များတွင် ဤ “လူမှုဘာသာဗေဒ မိတ်ဆက်' စာအုပ်ပါ ခေါင်းစဉ်များကို အွန်လိုင်းမှ အခမဲ့ဆွေးနွေးပို့ချ ပေးရန်လည်း ရည်မှန်းထားပါသည်။ “လူမှုဘာသာဗေဒ” သင်ကြားရေး ချောမွေ့အဆင်ပြေပြီး ပညာရပ်ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ဆန္ဒပြု ပါသည်။
စာမျက်နှာ
189
ပုံစံ
Paperback
ထုတ်ဝေသူ
ပညာရပ်ဝန်း
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.3 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
လူမှုဘာသာ