
ပုဂံဒေသရှိ ရှေးဟောင်း မြန်မာစာကဗျာများ
စာရေးသူ - မြန်စာမြေ သိန်းလွင်
အကျဉ်းချုပ်
အင်းဝခေတ်၊ တောင်ငူခေတ်နှင့် ညောင်ရမ်းခေတ်တို့၏ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမှုရေး၊ စီးပွားရေးတို့ကို ညွှန်ပြနေသော အဖိုးတန်မင်စာများလည်း ဖြစ်ပါသည်။ တစ်ချို့သော မင်စာကဗျာ များသည် သက္ကရာဇ်ရက်စွဲ အခိုင်အမာပါရှိသဖြင့် ဖော်ပြပါ သက္ကရာဇ်ရက်စွဲနှင့် သက်ဆိုင်သော ခေတ်ကာလအတွက် မူရင်းခေတ်ပြိုင်မှတ်တမ်းများအဖြစ် ပညာရှင် များအနေဖြင့် အကိုးအကားအထောက်အထား ခိုင်ခိုင်မာမာအဖြစ် အသုံးပြုနိုင်ပါ သည်။ ထို့ပြင် လွန်ခဲ့သောနှစ်ငါးဆယ်ကျော်ကာလခန့်က ရေးထိုးထားသော မင်စာ ကဗျာ (၂) ပုဒ်ကိုလည်း နဂါးရုံဘုရားကြီးနှင့် နန္ဒမညာဘုရားတို့၏ အတွင်းတွင် တွေ့ရှိရသဖြင့် စာပေတန်ဖိုး၊ သမိုင်းတန်ဖိုးအရ ထိန်းသိမ်းမှတ်တမ်းတင်သင့်သဖြင့် ထပ်မံ ဖြည့်စွက်ဖော်ပြထားပါသည်။ ရှေးဟောင်းမြန်မာမင်စာများကို ပုဂံ၊ စလေနှင့် အထက်မြန်မာနိုင်ငံတစ်လွှားရှိ စေတီ၊ ပုထိုးများအတွင်းတွင် အမြောက်အမြား တွေ့ရှိနိုင်ပါသည်။ ထိုရှေးဟောင်းမြန်မာ မင်စာများကို ရေးကူးခြင်း၊ ဖတ်ရှုလေ့လာခြင်း၊ သုတေသနပြုခြင်းဖြင့် မြန်မာစာပေ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့သမိုင်းဆိုင်ရာ အထောက်အထားများအဖြစ် ဆက်လက် လေ့လာရန် လိုအပ်ပါသေးသည်။
စာမျက်နှာ
240
ပုံစံ
Paperback
ထုတ်ဝေသူ
Bagan Princess Publication
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း