
နားကားသွားမယ်
စာရေးသူ - နဂါးလေး (အမရပူရ)
အကျဉ်းချုပ်
ကာတွန်းထဲကစာတွေဟာ တိကျသပ်ရပ်လွန်းနေတယ်။ စာလုံး လေးတွေက ကွန်ပါနဲ့ဝိုင်းထားသလို ဝိုင်းစက်နေတယ်။ ပုံတွေ မှာလည်း ဆံပင်လေးတွေက တစ်ချောင်းခြင်းစီညီညာသပ်ရပ်လို့။ အနုပညာဆိုတာ တိကျသေချာအောင် အားစိုက်ပြီး စနစ်တကျ ပြုလုပ်ရတာလို့ ကျွန်တော်မထင်ပါဘူး။ ဒီအပေါ်မှာအာရုံထား လွန်းရင် အနုပညာဘက်မှာ အားလျော့စေပါတယ်။ စည်းစနစ် တွေက ထိန်းချုပ်လွန်းရင် အနုပညာကမလွတ်လပ်တော့ဘူး။ ရေးနည်းစနစ်ထက် ခံစားမှု အတွေးအာရုံကို ပိုဦးစားပေးစေချင် တယ်။ ဒီလောက်ပဲနှမ်းဖြူးပါရစေ။ သူငယ်ချင်းတစ်ယောက်ရဲ့ အမှာစာ ဒီလောက်ဆိုရင် ပြည့်စုံလုံလောက်ပြီလို့ထင်ပါတယ်။ ကာတွန်းကို ဒီအရွယ်ထိ ချစ်နေသေးတာကိုဝမ်းသာသလို စာအုပ် အဖြစ်ထုတ်ဝေနိုင်တာ ကိုလည်းဂုဏ်ယူပါတယ်။ နဂါးလေးက ကာတွန်းကိုဘယ်လောက် ထိ ချစ်လဲဆိုရင် သူ့အိမ်အသစ်လေးကို “ကာတွန်းမှော်ရုံ”လို့ အမည်ပေးထားတယ်။ ဒီမှော်ရုံထဲမှာ တဝဲလည်လည်နဲ့ ရုန်း မထွက်နိုင်ပဲ ပျော်မွေ့နေတာ ရွှေရတု တိုင်တော့မယ် သူငယ်ချင်း။ ကျန်းမာပျော်ရွှင်စွာ အနုပညာအသစ်များ ဖန်တီးနိုင်ပါစေ။ သူငယ်ချင်းရဲ့ သူငယ်ချင်း
စာမျက်နှာ
159
ပုံစံ
Paperback
ထုတ်ဝေသူ
ဆောင်းစုရတီစာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
19 × 13.1 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ပုံပြကာတွန်း
အမျိုးအစားခွဲများ
ကလေးများအတွက်