
ဝတ္ထုရှည် သဘောတရား နှင့် ဝတ္ထုရှည် အတတ်ပညာ
စာရေးသူ - မမိုးမြေ
အကျဉ်းချုပ်
မမိုးမြေ၏ “ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာ” စာအုပ် ပေါ်ထွက်လာခြင်းမှာ ဝတ္ထုလေ့လာမှုကို အားဖြည့်လိုက်သော ဆောင်ရွက်ချက်တစ်ရပ် ဖြစ်သည်။ မမိုးမြေသည် တက္ကသိုလ်မြန်မာစာဌာနများတွင် နည်းပြတာဝန်မှ ပါမောက္ခတာဝန်အထိ အဆင့်ဆင့် ထမ်းဆောင်ရင်း ဝတ္ထုများကို သင်ကြား ပို့ချခဲ့သူ ဖြစ်သည်။ ကိုယ်တိုင်လည်း ဝတ္ထုများ ရေးဖွဲ့ခဲ့သည်။ ဝတ္ထုသဘော တရားနည်းနာများနှင့် အကျွမ်းတဝင် ရှိသည်။ ဝတ္ထုသဘောတရားနည်းနာ များကို သုတေသနပြု၍ ကျမ်းတင်သွင်းပြီး ပါရဂူဘွဲ့ ရယူခဲ့သည်။ “ဝတ္ထုရှည်သဘောတရား၊ ဝတ္ထုရှည်အတတ်ပညာ”ကျမ်းတွင် ရည်ရွယ်ချက်၊ ဇာတ်လမ်း၊ ဇာတ်ဆောင်၊ ကာလဒေသနောက်ခံ၊ ပြောစကား၊ ရှုထောင့်၊ ရေးဟန် ဇာတ်အခန်းများခွဲကာ ကောင်းနိုးရာရာ ဝတ္ထု သာဓကများ ဖြင့် ပုံဖော်ထားသည်ကို တွေ့ရသည်။ဝတ္ထုသဘောတရား အတတ်ပညာနည်းနာများကို ပညာရပ်တစ်ခု အဖြစ် လေ့လာသူများအတွက် လေ့လာစရာ ကိုးကားစရာစာအုပ် porသည် မှာ ဝမ်းသာစရာကောင်းပါသည်။
စာမျက်နှာ
384
ပုံစံ
Paperback
ထုတ်ဝေသူ
ကံကော်ဝတ်ရည်စာပေ
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
ဝတ္ထု, သုတ