
နိုဗဲဆုရ စာရေးဆရာများနှင့် သူတို့၏ ကမ္ဘာကျော်ဝတ္ထုတိုများ
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
ဝတ္ထုတိုများကို မြန်မာပြန်ရာတွင် ဗဟိဒ္ဓအပ အတော်ကားမှ ယဉ်ကျေးမှု အမူအရာချင်း မတူကြသော၊ ၁ တောတောင်ရေမြေချင်း မတူကြသော အချက်များ၌ သဘာဝ တောတော မူလစာရေးဆရာ၏ အာဘော်ကို မထိခိုက်စေဘဲ မြန်မာစာဖတ်ပရိသတ်နှင့် သင့်အောင် မြန်မာပြန်ရသည့်အခါ ရှိပါသည်။ သို့ရာတွင် အများအားဖြင့် တိတိကျကျ ဖြစ်နိုင်သမျှဖြစ်အောင် အားထုတ်ထားပါသည်။ ဖတ်၍မကောင်းသည်တို့ကို တွေ့လျှင် မြန်မာပြန်သူ ညံ့သောကြောင့် ဖြစ်ရာသည်။ / တစ်ဖန် မူလစာရေးဆရာအသီးသီး၏အကြောင်း အကျဉ်းချုပ်ကိုလည်း ဖော်ပြ၍ ဝတ္ထုတိုအသီးသီးအတွက် မြန်မာပြန်သူ၏ မှတ်ချက်များကိုလည်း ဖော်ပြပါသည်။ ဆန္ဒမှာ မူလစာရေးဆရာကို အကြောင်းပြုလျက် သူ့စာ၌ စိတ်ဝင်စားကြစေလိုသောကြောင့်လည်းကောင်း၊ မှတ်ချက်ကို အကြောင်းပြုလျက် သူ့စာ၏ဂုဏ်ကို လွယ်လင့်တကူ ဆင်ခြင်နိုင်ကြစေလိုသောကြောင့် လည်းကောင်း ဖော်ပြရခြင်း ဖြစ်ပါသည်။ မှတ်ချက်နှင့်စပ်လျဉ်း၍ ဟုတ်ပြီ၊ မှန်ပြီဟု တထစ်ချ မယူကြစေလိုပါ။ စာရှုသူသည် မိမိ၏ဉာဏ်ဖြင့်လည်း ချိန်ဆရန်ဖြစ်ပါသည်။ မြန်မာစာဖတ်ပရိသတ်သည် ထိုဝတ္ထုတိုများမှ ရနိုင်သော ရသာနုဘဝန ရသနှစ်သက်ခြင်းအတွေ့ အကြုံနှင့် ခံစားမှုအသိတို့ကို အကြောင်းပြု၍လည်းကောင်း၊ ဝတ္ထုတိုများ၌ပါသော အဖြစ်အပျက် အကောင်းအဆိုး အမျိုးမျိုးနှင့် လူ့သဘော၊ လူ့စရိုက် အကောင်းအဆိုး အမျိုးမျိုးတို့ကို အကြောင်းပြု၍လည်းကောင်း မိမိတို့၏ ပတ်ဝန်းကျင်၌ သတိ၊ အသိ ဖြစ်ပေါ်လာနိုင်စရာ ရှိပါသည်။ ဤသို့ဖြင့် မစ္စတာနိုဗဲ၏ ဆန္ဒနှင့်အညီ လူ့လောကအပေါ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာထားရန် သတိပြုမိကြလိမ့်မည်ဟု ထင်ပါသည်။
ဇော်ဂျီ
စာမျက်နှာ
651
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
23.6 × 15.3 cm
ISBN
978-9-997-13715-9
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား