
သူမင်းကို ဘယ်တော့မှ ..
စာရေးသူ - ဂျူး
အကျဉ်းချုပ်
ထိုစာအုပ်တွင် အဓိကဇာတ်ဆောင် အေးငြိမ်းမေသည် အလုပ်အင်တာဗျူးတစ်ခုသို သွားရောက်စဉ် မမျှော်လင့်ဘဲ ကားအက်စီးဒင့်နှင့် ကြုံတွေ့ခဲ့ရသည်။ ဘေးအန္တရာယ်ကြားမှ သူမ၏ ကိုယ်ကျိုးမငဲ့သော စိတ်ဓာတ်ကြောင့် ဒဏ်ရာရနေသည့် အမျိုးသမီးကြီးတစ်ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း၊ သူမကိုယ်တိုင်မှာမူ ကားပေါက်ကွဲမှုကြောင့် ဒဏ်ရာအနာတရများ ရရှိခဲ့ရုံမက သူမအတွက် အမြတ်တနိုးတန်ဖိုးထားရသည့် နာရီလေးကိုပါ ဆုံးရှုးခဲ့ရသည်။ သိုသော် ထိုသိုသော စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြားမှ သူမသည် နောက်မဆုတ်ဘဲ မိမိရည်မှန်းချက်ဖြစ်သော အင်တာဗျူးသို ရောက်ရှိအောင် သွားရောက်ခဲ့သည်။ အင်တာဗျူးခန်းအတွင်း၌ သွေးစွန်းပြီး ဖုန်တောထဲက တက်လာသည့်ပုံစံ ဖြစ်နေသော်လည်း အေးငြိမ်းမေ၏ ရိုးသားပြီး တည်ငြိမ်သော ဖြေဆိုမှုများက သူမ၏ အတွင်းစိတ်ဓာတ် ကြံ့ခိုင်မှုကို ပေါ်လွင်စေခဲ့သည်။ ဤဇာတ်လမ်းသည် လူတစ်ယောက်၏ ဘဝတွင် ကြုံတွေ့ရသည့် ရုတ်တရက် အပြောင်းအလဲများ၊ လူသားချင်းစာနာမှုနှင့် မည်သိုသော အခက်အခဲများ ရှိနေပါစေ မိမိသွားလိုသော ပန်းတိုင်ကို မယိမ်းမယိုင်ဘဲ ဆက်လက်လျှောက်လှမ်းသည့် ဇွဲလုံလတိုကို ထင်ဟပ်ဖော်ပြထားသည့် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
" Metaphor ဆိုတာ သင်္ကေတနဲ့ ဖွဲ့နွဲ့စီကုံး တင်စားတာကိုပြောတာ။ လူတိုင်းလူတိုင်းကို သူ့င်္ကေတနဲ့သူ တင်စားသတ်မှတ်လို့ရတယ်။ ဥပမာ ပီတာဆိုရင် ဖယောင်းတိုင်၊ ငါဆိုရင် ရှဉ့်" " ကျွန်မက ဘာလဲ " " မင်းက ဖောက်ထွင်းမြင်ရတယ်။ အားတက်သရောလဲ စီးဆင်းတယ်။ ဒါပေမယ့် ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်ဘူး။ အဲဒါကြောင့် ရေတံခွန် "
စာမျက်နှာ
405
ပုံစံ
Paperback
ထုတ်ဝေသူ
ဂျူးစာပေ
ထုတ်ဝေသည့်နှစ်
2008
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
12 × 18.5 cm
ISBN
941-5-090-81836-6
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ရသ
အမျိုးအစားခွဲများ