
အတုလဖြတ်ထုံး
စာရေးသူ - ဦးကျော်
အကျဉ်းချုပ်
ဤကျမ်းကို ဗဒုံမင်း ပုဂံမင်း၊ မင်းတုန်းမင်းတို့လက်ထက်တွင် မခူမှ ထပ်ဆင့်ကူးယူထားခဲ့ကြသော လက်ရေး၊ လက်နှိပ်စက်စာများဖြင့် တိုက်ဆိုင်စစ်ဆေး ခြင်း။ ပေစာကြောင်းရေအလိုက် ခေတ်အက္ခရာ အရေးအသားများဖြင့် ဖလှယ်၍ အမှုအခင်းခေါင်းစဉ်ငယ်များတပ်ဖော်ပြခြင်း ဝိနည်းပါဠိတော်အဆိုအမိန့်များကို ပါဠိစာပေကျွမ်းကျင်သူ များနှင့် စစ်ဆေးတည်းဖြတ်ခြင်း၊ မှုခင်းဖြစ်ပွားသော မြို့ကျေးရွာတည်နေရာများနှင့် သမိုင်း၊ မြန်မာ၊ ပါဠိဝေါဟာရအဓိပ္ပါယ်ရှင်းလင်းခြင်းများဖြင့် တည်းဖြတ်ထားပါသည်။ ထိုသို့ တည်းဖြတ် ရာတွင် များစွာအကူအညီပေးခဲ့သော ဒေါက်တာနှင်းယုနိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး။ ရန်ကုန်၊ မြန်မာသမိုင်းသုတေသနဌာနနှင့် ပါဠိအဆိုအမိန့်များကို စိစစ်ပေးခြင်း၊ အတုလ ဆရာတော်ပြုစုခဲ့သော ကျမ်း စာကေင်တို့ကို ရှာဖွေပေးခြင်းများပြုခဲ့သော ဦးညွန့်မောင် (မောင်မောင်ညွန့်) B.A. D. L. ID အစိုးရဓမ္မာစရိယနှင့် သကျသီဟဓမ္မာစရိယ၊ စာကြည့်တိုက် မှူး(ငြိမ်း) ရန်ကုန်တက္ကသိုလ်၊ ဗဟိုစာကြည့်တိုက်တို့အား များစွာကျေးဇူးတင်ရှိပါသည်။
စာမျက်နှာ
88
ပုံစံ
Paperback
ထုတ်ဝေသူ
မြန်မာ့သမိုင်းသုတေသန
ထုတ်ဝေသည့်နှစ်
2016
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
25 × 17.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာသမိုင်း