
ဓမ္မဝိနယစကားဝိုင်းစကားဝိုင်း
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
ဤသို့ မိမိတို့ ကိုးကွယ်ဆည်းကပ်ရာဖြစ်တော်မူကြသော သံဃာတော် အရှင်သူမြတ်များ သီလစင်ကြယ်ရေးကို မျှော်ကိုး၍ ၂ဝ၂ဝ -ခုနှစ် ဖေဖော်ဝါရီလ တွင် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ သံလမ်းမှတ်တိုင်၊ MPT Condo / (၉) လွှာ (ဗ)၊ YAB ရုံးခန်း၌ ကပ္ပိယသင်တန်းကို ပို့ချပေးခဲ့သည်။ သင်တန်းသူ၊ သင်တန်းသားများ ၆ဝ ခန့် တက်ရောက် သင်ယူခဲ့ကြသည်။ လူတိုင်းသိသင့် သည့်အတွက်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရန် Dhammadownload က တိုက်ရိုက် ထုတ်လွှင့်ခဲ့လေသည်။ Dhammadownload မိသားစု၏ ကျေးဇူးကြောင့် မြန်မာသာမက ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်နေကြသော မြန်မာလူမျိုးများ တိုက်ရိုက် သင်ယူနိုင်ခဲ့ကြလေသည်။ ထိုသင်တန်း၏ အကျိုးဆက်က အလွန်များလှသည်။ ကပ္ပိယသင်တန်းကို နာယူကြပြီး ဝိနည်း အလေးပြုသော ရှင်ရဟန်းများတိုးပွားလာခဲ့သည်။ ဒကာဒကာမများ ဝိနည်းတော်နှင့်အညီ လှူဒါန်းတတ်လာကြသည်။ လူ့ဘဝကို စွန့်ကာ ရဟန်း ဝတ်လိုသူများ ပေါ်ပေါက်လာခဲ့ကြသည်။ ထို့ကြောင့် ကပ္ပိယသင်တန်းသည် အလွန်ကျေးဇူးများခဲ့လေသည်။
စာမျက်နှာ
247
ပုံစံ
Paperback
ထုတ်ဝေသူ
ဓမ္မစံအိမ်
ထုတ်ဝေသည့်နှစ်
2022
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး