
ပျော်ရွှင်တဲ့ဦးနှောက် အောင်မြင်တဲ့ဘဝ Just One Thing
စာရေးသူ - ဇော်ဝင်းကြူ (ပျဉ်းမနား)
အကျဉ်းချုပ်
သင်နဲ့ပတ်သက်တဲ့ အကောင်းဆုံးအရာစစ်စစ်တွေကို ဖော်ထုတ်ပေး နေတာ ဖြစ်ပါတယ်။ သင်ဟာ မြင့်မားတဲ့လမ်းကိုသွားနေတာ ဖြစ်ပါတယ်။ နိမ့်ကျတဲ့ လမ်းကိုသွားနေတာ မဟုတ်ပါဘူး။ သင်ဟာ ရိုးသားမှန်ကန်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ သတ္တိတွေကို ထုတ်သုံးနေပါတယ်။ သင်ဟာ ထိန်းချုပ်ဖို့ခက်ခဲတဲ့စိတ်ကို ထိန်းချုပ်ပြီး သန့်စင်အောင်လုပ်နေပါတယ်။ တွားသွားသတ္တဝါ၊ နို့တိုက်သတ္တဝါနဲ့ ပရိုင်းမိတ် (လူမျောက်) တွေရဲ့အလွှာတွေပါတဲ့ ဦးနှောက်ဆိုတဲ့ သပွတ်အူကြီးကိုလဲ ထိန်းချုပ်ပြီး သန့်စင်အောင် လုပ်နေပါတယ်။ သင်ဟာ သင့်မှာစွမ်းအားအများဆုံးရှိတဲ့အတွက် တာဝန်လဲ အကြီးဆုံး ရှိတဲ့ ကမ္ဘာကြီးထဲက အရာဖြစ်တဲ့ သင့်ရဲ့အနာဂတ်အတ္တကို လှပတဲ့လက်ဆောင်တွေ ပေးနေပါတယ်။ ပြီးတော့ သင့်လေ့ကျင့်မှုရဲ့ အသီးအပွင့်တွေဟာ အပြင်ဘက်ကို ဂယက် ရိုက်ပြီး အသိုင်းအဝိုင်းတွေကို ကျယ်အောင်ချဲ့ပြီး၊ သိတဲ့လူတွေရော မသိတဲ့လူတွေပါ ပါတဲ့ တခြားလူတွေကို အကျိုးရှိစေပါလိမ့်မယ်။ လေ့ကျင့်မှုရဲ့စွမ်းအားကို ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။ ဒါမှမဟုတ် သင်ရွေးချယ်ထားတဲ့ သင့်ကိုယ်ပိုင်လေ့ကျင့်မှု လမ်းကြောင်းက သင့်ကို ဘယ်လောက်ဝေးဝေးအထိ ခေါ်သွားနိုင်တယ်ဆိုတာကို ဘယ်တော့မှ သံသယမဖြစ်ပါနဲ့။
စာမျက်နှာ
248
ပုံစံ
Paperback
ထုတ်ဝေသူ
သားငယ်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 15 cm
ISBN
978-9-997-18319-4
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
စိတ်ခွန်အား
အမျိုးအစားခွဲများ
စိတ်ခွန်အား, ဘာသာပြန်