
FEAR (အကြောက်တရား)
စာရေးသူ - သစ်နတ်ဟန်
အကျဉ်းချုပ်
ဘဝရဲ့ အပျော်ရွှင်ရဆုံးအချိန်တွေမှာတောင်မှပဲ လူအများစုဟာ အကြောက်တရားရဲ့ အရိပ် လွှမ်းမိုးမှုကို ခံနေကြရတယ်။ ဒီပျော်ရွှင်နေတဲ့ အချိန်လေး ကုန်ဆုံးသွားမှာ ကြောက်တယ်၊ ဘဝရဲ့ လိုအပ်ချက်တွေ မပြည့်ဝမှာ ကြောက်တယ်၊ ကိုယ်ချစ်တဲ့အရာတွေကို ဆုံးရှုံးရမှာ ကြောက်တယ်၊ ဘဝလုံခြုံမှုမရှိမှာ ကြောက်တယ်။ လူများစု အကြောက်ဆုံးကတော့ တစ်ချိန်မှာ ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ကြီး ယိုယွင်းလာမယ့်အဖြစ်ပဲ။ ပတ်ဝန်းကျင်မှာ ပျော်စရာတွေနဲ့ ပြည့်နေသည့်တိုင်အောင် ကျွန်ုပ်တို့ဟာ ဘယ်တော့မှ ပျော်ရွှင်မှုကို အပြည့်အဝ မခံစားကြရဘူး။ သို့သော် ကျွန်ုပ်တို့မှာ ကြောက်စိတ်ကို စူးစိုက်ပြီး ကြည့်နိုင်တဲ့ အစွမ်းရှိတယ်။
ဒီလိုကြည့်နိုင်ရင် ကြောက်စိတ်မှာ ကျွန်ုပ်တို့ကို ဆက်ပြီး ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး။ ကြောက်စိတ်ဟာ ပြောင်းလဲသွားလိမ့်မယ်။
သတိနဲ့နေတဲ့အကျင့် (ဝါ) ပစ္စုပ္ပန်မှာ အပြည့်အဝနေတဲ့အကျင့်က ကျွန်ုပ်တို့ကို အကြောက်တရားကို ရင်ဆိုင်ဖို့အတွက် အစွမ်းသတ္တိကို ပေးတယ်။ သတိနဲ့နေတဲ့အခါ ကြောက်စိတ်ကြောင့် တစ်ခုခုကို တွယ်ကပ်နေတာတွေ၊ ကိုယ်ကြောက်တဲ့ အရာတွေကနေ ထွက်ပြေးနေတာတွေ မရှိတော့ဘူး။
စာမျက်နှာ
223
ပုံစံ
Paperback
ထုတ်ဝေသူ
စုစည်စာပေ
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14 × 21 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
အမျိုးအစားခွဲများ
စိတ်ခွန်အား, ရသ, ဘဝလမ်းညွှန်မှုနှင့်လေ့လာစရာ, ဘဝနေထိုင်မှု
တဂ်များ
မာတိကာ
- သစ်နတ်ဟန်၏ အတ္ထုပ္ပတ္တိ
- အမှာစာ
- မိတ်ဆက် ကြောက်စိတ်ကင်းခြင်း
- တစ်ချိန်က
- နဂိုမူလ အကြောက်တရား
- အတိတ်နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်း
- အနာဂတ်အပေါ် အကြောက်တရားမှ သက်သာစေခြင်း
- လာခြင်းမရှိ ပြန်ခြင်းမရှိ
- ကြောက်စိတ်ကင်းမဲ့ခြင်းလက်ဆောင်
- သတိရဲ့စွမ်းအား
- ပြေးလွှားနေတဲ့စိတ်ကို ဘယ်လိုရပ်တန့်မလဲ
- မုန်တိုင်းကြားမှာ တည်ငြိမ်စွာ
- ကျွန်ုပ်တို့ ပတ်ဝန်းကျင်ရှိ အကြောက်တရားများကို အသွင်ပြောင်းခြင်း
- တိမ်တွေထက်မှာ ကောင်းကင်ပြာ
- ကြောက်စိတ်မှ မေတ္တာတရားသို့ (မန္တန်လေးပုဒ်)
- ကြောက်စိတ်ရဲ့ အခြားတစ်ဖက်
- ကြောက်စိတ်ကို ပြောင်းလဲရန်အတွက် အလေ့အကျင့်များ