
ဒုလ္လဘကထာ
စာရေးသူ - အရှင်ဇနကာဘိဝံသ
အကျဉ်းချုပ်
အခြေခံနိဒါန်း အမှာ မိမိကျောင်းတိုက်၌ ခေတ်ပညာတတ် လူငယ်တချို့ ဒုလ္လဘ ရဟန်းပြုကြ၏၊ ထိုသူတို့၏ ဒုလ္လဘအကြောင်း ကောင်း ကောင်း နားလည်းဖို့ရန် လည်းကောင်း, ယခုအချိန်မှစ၍ ကျောင်း တိုက် သံဃာအားလုံး ပဒပရမ ပုဂ္ဂိုလ်အဆင့်ဖြင့် နေနိုင်ကြဖို့ရန် လည်းကောင်း ရည်သန်၍ ဤဒုလ္လဘကထာကို ရေးပါသည်။ ကထာဝတ္ထု မိမိ၏ ဤစာမရေးမီအချိန်သည် ကထာဝတ္ထု ပါဠိတော်, အဋ္ဌကထာ, ဋီကာတို့ကို ပို့ချ၍ ပြီးခါစ အချိန်ဖြစ်၏၊ ထို ကထာဝတ္ထု ပါဠိတော်ကား ဆိုလိုယင်း အဓိပ္ပာယ်ကို သူတစ်ပါးတို့ ဆန့်ကျင်၍ မပြောနိုင်အောင် အကြောင်းအကျိုး စုံလင်စွာ ဖြင့်လည်းကောင်း, ဘုရားဟောဖော် ပါဠိတော် သာဓကဖြင့်လည်း ကောင်း, အလွန် ခိုင်လုံအောင် ရဟန္တာ အရှင်မောဂ္ဂလိပုတ္တတိဿ မထေရ် ဟောပြအပ်သော ပါဠိတော်ဖြစ်၏၊ ဤ ဒုလ္လဘကထာကို ရေးသားရာ၌လည်း ထို ကထာဝတ္ထု ပါဠိတော်ကို နည်းမှီ၍ ဒုလ္လဘ ဖြစ်ပုံကို ခိုင်လုံအောင် ရေးသားရပါလိမ့်မည်။
စာမျက်နှာ
275
ပုံစံ
Paperback
ထုတ်ဝေသူ
မဟာဂန္ဓာရုံကျောင်းတိုက်
ထုတ်ဝေသည့်နှစ်
1995
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18 × 12 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး