
ဇော်ဂျီ သက်တမ်း တစ်ဂဏန်းသုံးလုံးစာများ (ဆရာဇော်ဂျီ ၁၁၁ နှစ်ပြည့် အမှတ်တရထုတ်ဝေခြင်း)
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
မြန်မာစာပေလောက၏ အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီသည် ၁၂-၄-၁၉ဝ၇ မွေးဖွားသည်မှ ယခု ၁၂-၄-၂ဝ၁၈ တွင် သက်တမ်းအားဖြင့် ၁၁၁ နှစ် (တစ်ဂဏန်း သုံးလုံး) ရှိခဲ့ပြီဖြစ်ပါသည်။
ထူးခြားသော မင်္ဂလာနှစ်(တစ်ဂဏန်းသုံးလုံး ၁၁၁ နှစ်) ပြည့်ချိန်တွင် ဆရာ့ အကြောင်း၊ ဆရာ့စာများအကြောင်း ဂုဏ်ပြုညွှန်းဆို ရေးဖွဲ့ခဲ့ကြသော စာရေးဆရာ ကြီးငယ်အသီးသီး၏ စာမူ ၁၁၁ ပုဒ်ဖြင့် အမှတ်တရ ပူဇော်ကန်တော့လိုကြောင်း ဆရာဦးမြင့်ကြိုင်၊ ဆရာဦးအေးချို (မဟာဝိဇ္ဇာ)၊ ဆရာသူရဇော်တို့က တိုက်တွန်းလာ ကြပါသည်။ ဆရာတို့ကိုယ်တိုင်ကလည်း အချိန်မီအောင် စာရင်းနှင့် စာမူ အကြံပြု ပေးအပ်ခဲ့ကြပြီး ကိုသန်းထွန်းအောင်မှလည်း လိုအပ်သမျှ ရှာဖွေစုစည်း ဖြည့်စွက်ပေးခဲ့ ပါသဖြင့် ယခုစာအုပ်ကို ၁၁၁ နှစ်ပြည့်ကာလအမီ စီစဉ်ထုတ်ဝေနိုင်ခဲ့ပြီဖြစ်ပါသည်။
ဆရာကြီး၏ အမှတ်တရစာအုပ်တစ်အုပ်ကို ထုတ်ဝေခွင့်ရခဲ့သဖြင့် ဆရာကြီး၏ မိသားစုံများ၊ ဆရာဦးမြင့်ကြိုင်၊ ဆရာဦးအေးချို (မဟာဝိဇ္ဇာ)၊ ဆရာသူရဇော်၊ ကိုသန်း ထွန်းအောင်တို့နှင့် ရေးသားဂုဏ်ပြုခဲ့ကြသော စာရေးဆရာ/ဆရာမများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းပြုပါသည်။
Foot-note အားဖြင့် ဖော်ပြထားခြင်းမရှိသော စာမူများကို Today စာအုပ် တိုက်၏ ဆရာဇော်ဂျီမွေးနေ့ရာပြည့်အထိမ်းအမှတ်စာတမ်းများ၊ ရွှေစာပေတိုက်၏ အမှတ်တရဇော်ဂျီ၊ ပိတောက်နွယ်မဂ္ဂဇင်း စာတည်းအဖွဲ့၏ ဆရာဇော်ဂျီရာပြည့် ဂုဏ်ပြု စာတမ်းများ၊ မြတ်မိခင် ဝံသရက္ခိတအဖွဲ့၏ ဂန္ထလောကသင်္ဂဟဆု အထိမ်းအမှတ် စာတမ်းများ၊ စိတ်ကူးချိုချို၏ ဇော်ဂျီရာပြည့်အမှတ်တရ ဟောပြောချက်များ၊ အားမာန်သစ်စာပေ၏ ဆရာဇော်ဂျီအမှတ်တရစာစုများ၊ ဖျာပုံမြို့ ဇော်ဂျီရာပြည့် အထိမ်းအမှတ်အဖွဲ့၏ ဇော်ဂျီရာပြည့်မဂ္ဂဇင်း စသည်တို့မှ စုစည်းရယူခဲ့ပါကြောင်း၊ အဆိုပါစာမူများ စုဆောင်းစီစဉ် ထုတ်ဝေခဲ့ကြသူများကိုပါ လေးစားချစ်ခင်စွာ ကျေးဇူး မှတ်တမ်းပြုအပ်ပါသည်။
စာမျက်နှာ
870
ပုံစံ
Paperback870
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ