
မှတ်အပ်၊မှတ်ရာ၊မှတ်စု ပဒေသာ သုခမှတ်စု(ပြင်ဆင်ဖြည့်စွက်ချက်များဖြင့်)
စာရေးသူ - သုခ
အကျဉ်းချုပ်
၁၉၂၄-၂၅ ခုနှစ် ကျွန်တော် အလယ်တန်းကျောင်းတွင် ငါးတန်း၊ ခြောက်တန်း လောက်က မြန်မာစာအဖြစ် ဝေဿန္တရာဇာတ်တော်ကို သင်ရသည်။ ထိုအခါ ထို ဇာတ်တော်ထဲက မှတ်စုများအတွက် မော်လမြိုင် “ဘမြအင်ဆန်း” ဆိုသော စာအုပ်တိုက်မှ “ဝေဿန္တရာ မှတ်စု” ကို တစ်အုပ်လျှင် လေးပဲနှင့် မှာယူ၍ ကြည့်ရသည်။ နောက်တစ်နှစ် ဇနကဇာတ်တော်ကို သင်ရပြန်ရာ “ဇနကမှတ်စု” ကို မှာရပြန် သည်။ နောက်တစ်နှစ် မဟောသဓာ။ မှတ်စုစာအုပ်အမည်သာ ကွဲသော်လည်း ထပ်တလဲလဲ ပါနေသော အကြောင်း အရာများကို တွေ့ရသည်။ ဥပမာ မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရားလေးပါး၊ အပရိဟာနိယတရားခုနစ်ပါး၊ ပါရမီဆယ်ပါး၊ မြေလှုပ်ခြင်းတရား ရှစ်ပါး စသည် စသည် တို့။ ထို့ကြောင့် ကြံမိသည်။ ဇာတ်ကြီးဆယ်ခု မှတ်စုအဘိဓာန်။ ၂ ပါးစု၊ ၃ ပါးစု၊ ၄ ပါးစု၊ ၅ ပါးစု၊ ၆ ပါးစုမှစ၍ တွေ့သမျှကို စုဆောင်း ထားမည်။ မည်သည့် ဇာတ်တော်က မှတ်စုမှတ်ရာမဆို တစ်အုပ်ထဲမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ရမည်။ ဤသို့ စုဆောင်းခဲ့သည့် နေ့ရက်ကို အမှတ်တရ ရေးထား လိုက်သည်ကား ၁၂၉၄ ခု၊ နယုန်လပြည့်ကျော် ၁၃ ရက်၊ သောကြာနေ့ ဖြစ်ပါသည်။ ထိုမှစ၍ အရူးလွယ်အိတ်ပမာ တွေ့မိရာရာ သုတ်၊ ဝိနည်း၊ အဘိဓမ္မာ ဆိုင်ရာ ကျမ်းများလောကီဗဟုသုတ စာအုပ်များမှ မှတ်၍စုလာခဲ့သည်။
စာမျက်နှာ
401
ပုံစံ
Paperback
ထုတ်ဝေသူ
ပါရမီစာပေ
ထုတ်ဝေသည့်နှစ်
2018
ထုတ်ဝေမူ
8th Edition
စာအုပ်အရွယ်အစား
22 × 15.8 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး