
ဇိနတ္ထပကာသနီကျမ်း(ပုံတော်ကျမ်း)
စာရေးသူ - ကျီးသဲလေးထပ်ဆရာတော်ဘုရားကြီး
အကျဉ်းချုပ်
ပြည်ထောင်စုမြန်မာနိုင်ငံတော်ရှိ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူ ပြည်သူလူထု တစ်ရပ်လုံး မြတ်စွာဘုရားအကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို သိရှိနားလည် ကြည်ညို နိုင်ကြစေရန် ရွှေတောင်မြို့ ကျီးသဲလေးထပ် ဆရာတော်ဘုရားကြီး ဘဒ္ဒန္တ မုနိန္ဒာဘိဓဇ (ပဏ္ဍိတဓဇ မုနိန္ဒဃောသ မဟာဓမ္မရာဇဂုရု) မထေရ်မြတ်က ဇိနတ္ထပကာသနီ အမည် တင့်ဆန်း ဗုဒ္ဓဝင်ကျမ်းတော်ကြီးကို ကုန်းဘောင်ခေတ်နှောင်းတွင် ရေးသားပြုစုတော် မူခဲ့ပါသည်။ ဇိနတ္ထပကာသနီကျမ်း ဇိနတ္ထပကာသနီကျမ်း အမည်သည်ပင် ဆန်းသစ်ထူးခြားလျက်ရှိ၏။ အဓိပ္ပာယ်မှာ “မြတ်စွာဘုရား၏ ဖြစ်တော်စဉ် အကြောင်းအရာ အတ္ထုပ္ပတ္တိကို ပြဆိုသောကျမ်း” ဖြစ်ရာ ကျမ်းပြုဆရာတော်ဘုရားကြီးက ဤကျမ်း၌ မြတ်စွာဘုရား အကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို ပြည့်ပြည့်စုံစုံ ခိုင်ခိုင်လုံလုံ ခမ်းခမ်း နားနား ရေးသားထားတော်မူ သည်ကို တွေ့မြင်ဖတ်ရှုကြရမည် ဖြစ်ပါသည်။ ဇိနတ္ထပကာသနီကို “ဇိန+အတ္ထ+ ပကာသနီ”ဟု ၃ ပိုဒ်ခွဲထုတ်ကာ “ဇိန = မြတ်စွာဘုရား၊ အတ္ထ = အကြောင်းအရာ အတ္ထုပ္ပတ္တိတော်ကို၊ ပကာသနီ = ပြဆိုသောကျမ်း”ဟု အသီးအသီး အဓိပ္ပာယ် မှတ်ယူ နိုင်လေရာ ဉာဏ်ကွန့်မြူးဖွယ်တစ်မျိုး ဖြစ်ပါ၏။
စာမျက်နှာ
786
ပုံစံ
-
ထုတ်ဝေသူ
ခင်ချို ထွန်းစာပေ
ထုတ်ဝေသည့်နှစ်
2017
ထုတ်ဝေမူ
8th Edition
စာအုပ်အရွယ်အစား
25.5 × 17.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး