
ဒုတိယမဟာရာဇဝင်တော်ကြီး (၁၀တွဲပေါင်းချုပ်)
စာရေးသူ - ပဉ္စမသင်္ဂါယနာတင်မင်းကြီး
အကျဉ်းချုပ်
ဤဒုတိယမဟာရာဇဝင်တော်ကြီးကို ကြည့်ရှုဖတ်နာကြရမှသာလျှင် မြန်မာ နိုင်ငံတော်ကြီး၏အခြေအနေ၊ မြန်မာမင်းဧကရာဇ် မြန်မာဂုဏ်ကျက်သရေများ ကို အံ့ဖွယ်ကြီးမား မှတ်သားယုံကြည်နိုင်ခြင်းနှင့်တကွ ပညာရှိမှူးမတ် ဗိုလ်ပါ သေနင်္ဂါအပေါင်းနှင့် ပြည့်စုံခြင်း၊ တိုင်းတစ်ပါးမင်းတို့နှင့် မဟာမိတ်ပြုခြင်း၊ မသင့် မတင့်အရေးဖြစ်ပွားခြင်း၊ သာသနာတော်ကို ချီးမြှောက်ခြင်း၊ ဖြစ်သူပျက်မြဲ မလွဲ ဧကန်၊ အမြန်နေ့ည အနိစ္စသင်္ခါရ သံဝေဂတရား ထိတ်လန့်ဖြစ်ပွားငြီးငွေ့ခြင်း စသော လောကဓမ္မ အနှစ်သာရတို့ကို မုချသုံးဆောင် ခံစားကြရမည် ဖြစ်ပါ သတည်း။ ထိုသို့သောအကြောင်းများကြောင့် ဒုတိယမဟာရာဇဝင်တော်ကြီး မြေ၌ မြှုပ်နှံသိုမှီးသော ရွှေအိုးကြီး ရတနာကို ပုံရိုက်ထုတ်ဆောင် ဖြန့်ချိပါမည်အကြောင်း များနှင့် သုတေသနပဏ္ဍိတဇာတိကပုဂ္ဂိုလ်သူမြတ် လူကြီးလူကောင်းတို့က တောင်းပန် တိုက်တွန်း နှိုးဆော်ရှိသည်အတိုင်း အလွန်တွေ့ခဲ ကြုံခဲ ကြည့်ရှုဖတ် နာရခဲသော ဆိုအပ်ခဲ့ပြီးသော ဤဒုတိယမဟာရာဇဝင်တော်ကြီး ကျမ်းစာကို လောကီ လောကုတ္တရာ အကျိုးနှစ်ပါး၌ လိုလားရှာမှီးတော်မူကြသော သူမွန်သူမြတ် သူတော်ကောင်းအပေါင်းတို့၏ အကျိုးစီးပွားအလို့ငှာ စက်တင် ပုံရိုက်လုပ်ဆောင် ပါသတည်း။
စာမျက်နှာ
486
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2015
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21.5 × 15.1 cm
ISBN
978-9-997-11175-3
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ရာဇဝင်