
လုပ်ငန်းခွင်မှာတရားမှတ်နည်း Meditation at Workplace
စာရေးသူ - အောက်စဖို့ဒ်ဆရာတော် ဒေါက်တာအရှင်ဓမ္မသာမိ ဓမ္မစရိယ,DPhill(Oxford)
အကျဉ်းချုပ်
အချိန်တိုတို တရားရှုမှတ်နည်းများကို (၅၇)ပုဒ်မျှ အလျှင်အမြန်စုဆောင်းရန် ပြီးခဲ့သောနှစ် စာရေးသူမွေးနေ့အမှီ ထုတ်ဝေနိုင်ရန် လူငယ်သာသနာပြု မသဇင်ထိုက်က အကြံ ဉာဏ်ရ၍ တစ်ဦးတည်း ရွေးချယ်လှုပ်ရှား ဆောင်ရွက်ခဲ့သည်။ ဤစာအုပ်သည် ယခင်မွေးနေ့ကို မမှီသော်လည်း အသံဖိုင်ကို memory stick ဖြင့်ထည့်၍ မသဇင်ထိုက်က ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့ပါသေးသည်၊ စာသားများကို မသဇင်ထိုက်က အဓိက ကူးရေးပေးပါသည်။ ယခုအခါ မစိုးယုပိုင်က ခါတိုင်းကဲ့သို့ပင် ဤစာအုပ်ကို အစအဆုံး စီမံပေးပါသည်။ အခန်းကိုးခုကိုလည်း ခေါင်းစည်းအသီးသီးဖြင့် စနစ်တကျခွဲထားပေးပါသည်။ အချို့ အပိုင်းများ၌ အပုဒ်ရေပိုများပြီး အချို့မှာ တစ်ပုဒ်သာ ပါရှိပါ သည်။ အခြေအနေအရဟောထားသော တရားများမှရွေးချယ် ထားခြင်းဖြစ်သည်။ ဥပမာ - ရပ်ကမ္မဋ္ဌာန်းမှာ လမ်းလျောက်အဆင်မပြေသူများအတွက် ဖြစ်သဖြင့် တစ်ကြိမ်မျှသာ ဟော ထားဖူးပါသည်။ ဤစာအုပ်သည် လူသစ်များနှင့် လုပ်ငန်းခွင်၌ နေသူများအတွက် အကျိုးဖြစ်ထွန်းမည် မျှော်လင့်ပါသည်။
စာမျက်နှာ
325
ပုံစံ
Paperback
ထုတ်ဝေသူ
BOOK STREET
ထုတ်ဝေသည့်နှစ်
2023
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
21 × 14 cm
ISBN
978-9-997-10986-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး