
လိမ်ညာဘေးမှ ဝေးပါစေ
စာရေးသူ - လယ်တွင်းသားစောချစ်
အကျဉ်းချုပ်
ကိုယ့်အားကိုယ်ကိုး ရိုးရိုးသားသား လုပ်မစားချင်၊ သူများ လုပ်စာ လိမ်ညာစားချင်သူများရှိသည်။ အချို့က တစ်ဦးချင်းလိမ်ညာစားသည်။ အချို့က အဖွဲ့နှင့် လိမ်ညာသည်။ လိမ်ညာနည်းအမျိုးမျိုး ကိုလည်း အသုံးပြု ကြသည်။ လိမ်ညာနည်းများကို သိထားလျှင် ရှောင်နိုင်သည်။ သတိရှိလျှင် လည်း လွတ်မြောက်နိုင်သည်။ လိမ်ညာနည်းကို မသိ၊ သတိလည်း မရှိလျှင် လိမ်ညာခံရတတ်သည်။ အလိမ်ခံရလျှင် ရှက်စရာလည်းကောင်းသည်။ ဒေါသလည်း ဖြစ်သည်။ ကိုယ့်ပစ္စည်းလည်း ဆုံးရှုံးသည်။ များသောအားဖြင့် လိမ်ညာခံရသူများမှာ သူများပစ္စည်းအချောင်လိုချင်သော လောဘကြီးသူများ၊ ယုံလွယ်တတ်သူများ၊ အားနာတတ်သူများ၊ ဆင်ခြင်တုံတရား နည်းပါးသော ရိုးအလွန်းသူများဖြစ်သည်။ လူလိမ်တို့ ကျင်လည်ကျက်စားရာနေရာများမှာ လူစည်ကားရာ မြို့ကြီးများမှာ ဖြစ်သည်။ လူဦးရေးများပြားသော မြို့ကြီးများမှာ တစ်ယောက်နှင့်တစ်ယောက် မသိကြ၊ မြို့ငယ်များတွင် တစ်ယောက်နှင့်တစ်ယောက် သိကြသည်။ လူစိမ်း လာလျှင်လည်း သိသာသည်။ လိမ်ညာရန် မလွယ်။ မြို့ကြီးများတွင် မသိသူများကို အလွယ်နှင့်မယုံနှင့် သတိထား သင့်သည်။ လိမ်ညာနည်းများကိုသိထားနိုင်ခြင်းဖြင့် လိမ်ညာဘေးကင်းဝေးကြပါစေ။
စာမျက်နှာ
137
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းမြိုင်လယ်စာပေ
ထုတ်ဝေသည့်နှစ်
2009
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
18..1 × 12 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ