
ဝင်ခွင့်မရမြို့
စာရေးသူ - သိုးဆောင်း
အကျဉ်းချုပ်
"ဝင်ခွင့်မရမြို့" စာအုပ်သည် ရွာသားများ၏ နှိပ်စက်မှုကို ခံနေရပြီး မိမိကိုယ်မိမိ "ချဉ်ဖတ်" ဟု အမည်မှည့်ထားသော မိဘမဲ့ ကောင်လေးတစ်ယောက်၏ ဘဝအကြောင်းကို အခြေခံထားပါသည်။ ထိုကောင်လေးသည် ရွာပျက်ကိန်းရှိသည်ဟု ကြိုတင်ဟောကိန်းထုတ်မိရာမှ ရွာသားများ၏ ဝိုင်းဝန်းကန်ကျောက်ခြင်းကို ခံရပြီး ရွာမှ နှင်ထုတ်ခံလိုက်ရသည်။ ထိုအချိန်တွင် "လုခ်" အမည်ရှိ အဘိုးအိုတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး အဘိုးအိုက သူ့ကို "ဝိုဒင်" ဟု အမည်သစ်မှည့်ပေးကာ သူနှင့်အတူ လိုက်ပါရန် ခေါ်ဆောင်သွားခဲ့သည်။ ဤဇာတ်လမ်းသည် ဘဝ၏ အဆိုးအကောင်း၊ ရည်ရွယ်ချက်ရှိမှုနှင့် လောကအမြင်သစ်များကို ရှာဖွေပုံကို ရေးဖွဲ့ထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါသည်။
"အရယ်အပြုံးတွေကင်း ဝမ်းနည်းမှုနဲ့ ငိုကြွေးမှုတို့ မရှင်သန်တဲ့နေရာ ထာဝရမဖြစ်တည်တဲ့ နေရာမှာပဲ ငါ့ခန္ဓာတစ်ကိုယ်စာကို တူးဆွယက်ဖော်ပေးပါ...။"
စာမျက်နှာ
192
ပုံစံ
Paperback
ထုတ်ဝေသူ
အောင်မြင်စာပေ
ထုတ်ဝေသည့်နှစ်
2020
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
13.5 × 20.5 cm
ISBN
979-7-979-79795-6
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
ရသ
အမျိုးအစားခွဲများ
ရသ, ဝတ္ထု