
သူရဿတီနီတိ(ပေါင်းချုပ်)
စာရေးသူ - လယ်တီပဏ္ဍိတဦးမောင်ကြီး
အကျဉ်းချုပ်
နီတိကျမ်းမျိုးကို လေ့လာသင်ကြား၍ ဉာဏ်ပညာ စူးရှခဲ့ပါလျှင်၊ အရာရာတိုင်းမှာ ယထာဘူတ ဉာဏ်ကို လက်ကိုင်ရပြီးလျှင် ဟုတ်တိုင်း မှန်ရာကို နှိုင်းချိန်နိုင်သော အသိ, အမြင် အမျိုးမျိုးနှင့် ပြည့်စုံသည့်ပြင်၊ ဌာနာဌာနကောသလ္လ ခေါ်သော ဉာဏ်ကို ရ၍ အရာဌာန အားလျော်စွာ သြစိတျဂုဏ်နှင့် ပြည့်စုံအောင် ဖန်တီးဆောင်ရွက်နိုင်သော အစွမ်းသတ္တိ မျိုးသည်လည်း အလိုအလျောက် ပေါ်ပေါက်နိုင်ပါသည်။ မည်သည့်ကိစ္စ နှင့် မဆို အရေးအခွင့်ကြုံ၍ စကားပြောဆိုရန် ရှိလျှင်လည်း နီတိဉာဏ် သက်ဝင်ပြီးသော ပုဂ္ဂိုလ်တို့မှာ ဆိုင်ရာ ဆိုင်ရာ လွယ်ကူစွာ ကောက်နုတ် ပြောဆိုနိုင်သော ဝါစာကောဝိဒဂုဏ်နှင့် ပြည့်စုံနိုင်ပါသည်။ သို့ဖြစ်လေသောကြောင့် ဤသူရဿတီ နီတိကျမ်းကို အစပြု၍၊ နီတိဆရာကြီးတို့ ရေးသား ညွှန်ကြားအပ်သော နီတိကျမ်းများကို လက်ကိုင် ပြု၍ ဖတ်ရှုနိုင်ကြစေရန် နှိုးဆော် တိုက်တွန်းအပ်သည် ဖြစ်ပါကြောင်း။
စာမျက်နှာ
400
ပုံစံ
Paperback
ထုတ်ဝေသူ
ရာပြည့်စာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
21 × 13.5 cm
ISBN
9781955004709
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး