
အာချာတ်ဂိုဏ်းပို့ချချက်
စာရေးသူ - မဟာမင်းထင်စာချဆရာတော်
အကျဉ်းချုပ်
မဟာမင်းထင်စာချဆရာတော်သည် နှစ်စဉ်နှစ်တိုင်း ပရိ-ယတ္တိစာပေများ သင်ကြားပို့ချပေးရာတွင် သဒ္ဒါ၏ အခြေခံဖြစ်သော နာမ်ဂိုဏ်း၊ အာချာတ်ဂိုဏ်းတို့ကိုလည်း နှစ်စဉ် ပို့ချလေ့ရှိသည်။ နာမ်ဂိုဏ်းကို ပို့ချရာ၌ ဘာသာဋီကာဆရာတော်၏ အခြေပြုသဒ္ဒါ (တွဲဖက်)စာအုပ်ကို ကျောရိုးထား၍ ရူပသိဒ္ဓိစာအုပ်နှင့်တကွ ဆိုင်ရာ ဆိုင်ရာ နိယံများ၊ မောဂ္ဂလ္လာန်၊ သဒ္ဒနီတိ သုတ္တမာလာ စသည်ဖြင့် နာမ်ဂိုဏ်းပြေးပုံကို ချိန်ထိုးပြ၍ ဝေဝေဆာဆာ ပို့ချတော်မူပါသည်။ အာချာတ်ဂိုဏ်းချရာတွင်လည်း ရူပသိဒ္ဓိကို ကိုင်စေ၍ မောဂ္ဂလ္လာန်၊ သဒ္ဒနီတိ၊ နိရုတ္တိဒီပနီ‘စသည့် သဒ္ဒါကျမ်းများ၌လာသော အစီအရင် တို့နှင့်အတူ နိယံများဖြင့် ပို့ချလေ့ရှိသည်။ ဤ“အာချာတ်ဂိုဏ်းပို့ချချက်”စာအုပ်သည် မိမိ ဉာဏ်မီသမျှ ရေးမှတ်ထားခြင်း ဖြစ်ပါသည်။ စာချဆရာ၏ ခြေတော်ရင်းမှာ ဝပ်စင်းကာဖြင့် ကိုယ်တိုင်နာယူ မှတ်သားသည်လောက်တော့ ပြည့်စုံနိုင်မည် မဟုတ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် ဆရာ့ ခြေရင်းမှာ ဝပ်စင်းကာ မလိုက်နိုင်သော စာသင်သားများအတွက် ဆရာတော် ပို့ချထားသော Mp3 အသံဖိုင်များမှတစ်ဆင့် နာယူမှတ်သားကာ ဝေဖန်ဆန်းစစ်နိုင်ပါသည် ဆိုတဲ့အကြောင်း အာချာတ် ဂိုဏ်း ပို့ချချက်အတွက် နိဒါန်းစကား ပါးလိုက်ရပါသည်။
စာမျက်နှာ
278
ပုံစံ
Paperback
ထုတ်ဝေသူ
လင်းသန့်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
22 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး