
မစ္စတာမောင်မှိုင်း၏ ဆောင်းပါးပေါင်းချုပ်ကြီး
စာရေးသူ - သခင်ကိုယ်တော်မှိူင်း
အကျဉ်းချုပ်
ကမ္ဘာကျော် ပုဂ္ဂိုလ်ထူးကြီးလည်း ဟုတ်၊ မြန်မာနိုင်ငံအဖို မေ့လျော့၍ မထား အပ်သော ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သော ကျေးဇူးရှင် ငြိမ်းချမ်းရေး ဖခင်ကြီး- ဆရာကြီး သခင်ကိုယ်တော်မှိင်း၏ ငယ်စဉ် လွန်ခဲ့သော နှစ်ပေါင်း ၄ဝ ကျော်က ရေးသားထုတ်ဝေခဲ့သည့် ယင်း “ဆောင်းပါးပေါင်းချုပ်ကြီး”စာအုပ် ကြီးကို ခက်ခက်ခဲခဲ ရှာဖွေ၍ ပြန်လည် ပုံနှိပ်ထုတ်ဝေခွင့် ရရှိလိုက်နိုင်ခြင်း အတွက် “ချိုးဖြူ” သည် အထူး နှစ်ထောင်းအားရ ဖြစ်မိရပေသည်။
ယင်း “ဆောင်းပါးပေါင်းချုပ်” ကြီးကို “ချိုးဖြူ” က ပြန်လည် ရိုက်နှိပ် ထုတ်ဝေရာတွင် ရည်ရွယ်ချက်များ ရှိပါ၏။
(၁) ကျေးဇူးရှင် ဆရာကြီး၏ “စာကောင်းပေမွန်” များကို မေ့လျော့ ကွယ်ပျောက်ခြင်း မရှိစေရန်၊
(၂) ဆရာကြီး၏ ထက်မြက်လှသော၊ ရသမြောက်လှသော စာပေ အရေးအသားများကို ဆရာကြီးနှင့် ခေတ်ပြိုင် မတွေ့ကြုံ မဆုံစည်းခဲ့ရသည့် နှောင်းခေတ်လူငယ်များ၊ စာပေဝါသနာရှင်များ၊ သုတေသီများ၊ နိုင်ငံရေး သမား လူငယ်များအား လေ့လာဖတ်ရှုနိုင်စေရန်၊
(၃) ကျေးဇူး ကြီးမြတ်လှသော ဆရာကြီးအား ယင်းစာအုပ်ကြီးကို ပြန်လည် ထုတ်ဝေခြင်းဖြင့် ဦးညွှတ်ကန်တော့ ဂုဏ်ပြုခြင်းအနေဖြင့် ထုတ်ဝေ လိုက်ခြင်း ဖြစ်ပါတော့သည်။
စာမျက်နှာ
280
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2012
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
18.2 × 13.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
စာပေဆောင်းပါးများ
အမျိုးအစားခွဲများ
ဆောင်းပါးများ