
သူတို့အိမ် - ၂
စာရေးသူ - ဆူးငှက်
အကျဉ်းချုပ်
တစ်ရက်တွင် ကျွန်တော့်လွယ်အိတ်ထဲက စာအုပ်တစ်အုပ်ကို အတန်းဖော်အချို့တွေ့သွားသည်။ သူတို့ စာအုပ်အမည်ကိုဖတ်သည်။ နားလည်ပုံမရ၊ စာအုပ်ကိုလှန်လှောကြည့်သည်။ ဘာမှမသိ။ မသိသည့်အတူတူ စိတ်မဝင်စားလို့ စာအုပ်ကို ပိတ်မယ်လုပ်တော့ ရောင်စုံပုံအချို့ကိုတွေ့သွားသည်။ မြင်ဖူးနေကြပုံတွေမဟုတ်တော့ စိတ်ဝင်စားပြီးသေချာကြည့်ကာ ကျွန်တော့်ကိုမေးသည်။ ကျွန်တော်က သိသလောက်ရှင်းပြတော့ သူတို့က အတန်းထဲက အငယ်ဆုံးကလေးသာသာ မလောက်လေးမလောက်စား ငချွတ်လေးက ဒါတွေသိနေပါလားဆိုကာ အံ့ဩတာလား မယုံတာလား စိတ်ပျက်တာလား အကြည့်နှင့် ကြည့်သည်။ ကျွန်တော်က ရောင်စုံပုံတွေနောက်က စာမျက်နှာကိုလှန်ပြပြီး လက်ညှိုးနှင့်ထောက်ကာ စာသားတွေကို ရွတ်ပြသည်။ သူတို့ ပိုမိုအံ့အားသင့်သွားကြပြန်၏။ ကျွန်တော့်လွယ်အိတ်ထဲက စာအုပ်က နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)တဲ့။ ရောင်စုံပုံတွေက အဆိုပြုထားသော နိုင်ငံတော်တံဆိပ်နှင့် နိုင်ငံတော်အလံများပုံဖြစ်သည်။ ကျွန်တော်က လက်နှင့် စာလုံးတွေကို ထောက်ကာ အသံထွက် ရွတ်ဆိုပြနေတာက အဆိုပြုထားသည့် နိုင်ငံတော်သီချင်းများ ဖြစ်သည်။
စာမျက်နှာ
379
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
14 × 21 cm
ISBN
-
ပစ္စည်းလက်ကျန်
ကုန်နေပါပြီ
အမျိုးအစား
သုတ
အမျိုးအစားခွဲများ
သုတ, မန္တလေးမြို့အကြောင်း