
အနုပညာနှင့် မာယာ
စာရေးသူ - ငြိမ်းမင်း
အကျဉ်းချုပ်
ပထမဆုံး မြန်မာဇာတ်လမ်းရုပ်ရှင်ဖြစ်တဲ့ “မေတ္တာနဲ့သူရာ” ဇာတ်ကားကို ၁၉၂ဝ ပြည့်နှစ်အောက်တိုဘာ(၁၃)ရက်နေ့တုန်းကရန်ကုန်မြို့ ရွိုင်ရယ်စီနီမာရုံကြီးမှာစပြီး ရုံတင်ပြသခဲ့တယ်။ ဒါ့ကြောင့်လည်းအောက်တိုဘာ၁၃ရက်နေ့ကိုမြန်မာရုပ်ရှင်နေ့လို့သတ်မှတ်ခဲ့တာပေါ့။၁၃-၁ဝ-၂ဝ၁ဝ နေ့မှာ မြန်မာ့ရုပ်ရှင်ဟာ အနှစ် ၉ဝ ပြည့် မြောက်သွားခဲ့ပါပြီ။ရင့်ကျက်ခြင်း၊ ပြည့်စုံခြင်း၊အတွေ့အကြုံကြွယ်ဝခြင်း၊လက်ဆင့်ကမ်းအမွေပေးဝေခြင်းဆိုတာတွေ ဖန်တီးနိုင်တဲ့အသက်အရွယ် ရောက်ခဲ့ပါပြီ။ရုပ်ရှင်အနုပညာနဲ့ ထမင်းစားရတဲ့ ကျွန်တော့်ရင်ဘတ်ထဲမှာ ရုပ်ရှင်နဲ့ ပတ်သက်တဲ့ ပဲ့တင်သံတွေ ဘောင်ဘင်ခတ်နေတယ်။ ဆန္ဒ တွေ၊ အိမ်မက်တွေ၊ စေတနာတွေ၊ ဝေဒနာတွေ ဗလပွနဲ့ပေါ့။ အင်တာဗျူးတွေမှာလည်းဖြေခဲ့တာတွေများလှပါပြီ။အင်တာဗျူးဆိုတာကလည်းကိုယ်ပြောချင်တာထက်သူလိုချင်တာကိုပိုပြီး ဦးစားပေးရတာမျိုးမဟုတ်လား။ဒီတော့လူငယ်တွေကိုပြောပြချင်တဲ့၊ပြောပြသင့်တဲ့၊ပြောပြနိုင်တဲ့ခေါင်းစဉ်တစ်ခုကိုရွေးချယ်ပြီး‘စာတမ်း”တစ်စောင်လိုကိုယ့်ကိုယ်ကိုပြုစုခိုင်းစေလိုက်တယ်။ရုပ်ရှင်နဲ့ပတ်သက်ပြီးချင်ခြင်းပြောပြကြည့်တာပါ။ အဆင်ပြေရင်တော့ ဒီ‘စာတမ်း’ကို ရုပ်ရှင်အပိုင်း တိုလေးတွေနဲ့ သရုပ်ဖော်ရင်း ဖတ်ကြားပြဖို့ပါပဲ။
စာမျက်နှာ
108
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2014
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
Art
အမျိုးအစားခွဲများ
ရုပ်ရှင်ခံစားမှုဆောင်းပါး