
စကားပြေရေးဟန်
စာရေးသူ - ဆရာဇော်ဂျီ
အကျဉ်းချုပ်
စာတမ်းငယ်(ရသစာပေ)၊ ဝတ္ထုတို၊ ပြဇာတ်၊ ဆောင်းပါး၊ သုတေသနစာတမ်း၊ အမှာစာ ဟူသော စကားပြေပုံသဏ္ဌာန်တစ်မျိုးစီကို စကားအသုံးအနှုန်းဟန် ထူးခြားချက်၊ ဝါကျ ဖွဲ့ဟန် ထူးခြားချက်၊ အသံတန်ဆာဆင်ပုံများ၊ လေသံဟူ၍ ကဏ္ဍများခွဲကာ အသေးစိတ် လေ့လာ ခြင်းဖြင့် ဆရာဇော်ဂျီ၏ စကားပြေရေးဟန်ကို ဖြန့်ကြက်လေ့လာ ဖော်ထုတ်ထားကြောင်း တွေ့ရပါသည်။ - မောင်ခင်မင်(ဓနုဖြူ) စာကောင်းပေကောင်း (သုတေသနကျမ်း) တော်တော်များများသည် ဌာနစာကြည့်တိုက်တွင် ကိန်းအောင်းနေမည့်အစား ယခုကဲ့သို့ ပြည်သူသို့ ပုံနှိပ်ဖြန့်ချိလိုက်ခြင်းသည် ဘာသာရပ် တိုးတက်မှုအတွက် များစွာ ထောက်ပံ့ပြုသည်။ တက္ကသိုလ်ပြင်ပ စာပေသမား များအတွက်ပါ အကျိုးများလှသည်ဟု ဆိုချင်ပါသည်။ - ပါမောက္ခဒေါက်တာအောင်ဇော် ဒေါက်တာစိုးနိုင်၏ ဆရာဇော်ဂျီ၏ စကားပြေရေးဟန်စာအုပ်သည် ပညာရပ်ဆိုင်ရာ သုတေသန နယ်ပယ်နှင့် မြန်မာစာပေ ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုမည့် စာအုပ်တစ်အုပ် ဖြစ်ပါကြောင်း ဖော်ညွှန်းလိုက်ပါသည်။ - ဒေါက်တာအောင်မြင့်ဦး နိုင်ငံကို ချစ်မြတ်နိုး၍ စာပေအပေါ် စိတ်ကောင်းစေတနာ ထားရှိသည့်အမျိုးသားစာဆိုကြီး ဆရာဇော်ဂျီ၏ နှစ်သက်ဖွယ် ဂုဏ်နှင့်ပြည့်စုံသော စကားပြေရေးဟန်များကို လေ့လာတင်ပြထားသည့်။
စာမျက်နှာ
235
ပုံစံ
Paperback
ထုတ်ဝေသူ
အမြွှာညီနောင်စာပေ
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
23 × 15.6 cm
ISBN
9782004001252
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
စကားပြေ