
လူတွေရဲ့အကျိူးကို ရှေးရှုပြီးရေးတဲ့ မြန်မာသမိုင်း ၂၀၀၃ စာစု
စာရေးသူ - ဒေါက်တာသန်းထွန်း
အကျဉ်းချုပ်
အဆင်ပြေနိုင်ဆုံးကိုစဉ်းစားတော့ နှစ်အလိုက် စာစုစာရင်း တွေကို အခြေခံပြီး နှစ်အလိုက် စာစုတွေပဲ ထုတ်လိုက်ရင် ပထမအဆင့် ဖြစ်နိုင်မယ်လို့ တွေးပါတယ်။ လုံးချင်းဖြစ်ပြီးသွားတာတွေတော့ ချန်ခဲ့ရတာ ပေါ့။ ပြီးတော့ လက်လှမ်းမမီ၊ ရှာမတွေ့သေးတာဆိုလည်း နောက်အတွဲတွေ မှာ ဖြည့်စွက်ချက်ဆိုပြီး ထပ်ထည့်ဖို့ လျာထားတယ်။ ပရုဖ်တွေအကြိမ်ကြိမ် ဖတ်ပေမယ့် မှားယွင်းသွားတာတွေလည်း ပြင်ဆင်ချက်ဆိုပြီး ထည့်ရမှာပါပဲ။ဆရာကြီးရဲ့ သုတေသနလုပ်ငန်းတွေမှာ ပါဝင်ခဲ့သူတွေ လက်တွဲ ကူညီခဲ့သူတွေ၊ ဆရာကြီးရှိစဉ် ပညာအရိပ်ခိုခဲ့ရသူတွေ၊ ဆရာကြီးအကြောင်း ကျွန်တော်တို့ထက်ပိုပြီး လေးလေးနက်နက် ချဉ်းကပ်ဖြစ်သူတွေရဲ့ အကြံ ဉာဏ်တွေ၊ ဖြည့်စွက်ချက်တွေ၊ ကျွန်တော်တို့ကို ကူညီပံ့ပိုးရှာဖွေပေးမယ့် စာမူလက်ကျန်တွေကိုတော့ လေးလေးစားစား မွတ်မွတ်သိပ်သိပ် မျှော်လင့် ကိုးစားလျှက် ရှိပါတယ်။ နောက်ဆက်တွက်မယ့်နှစ်အလိုက် စာစုတွေထဲမှာ ဝိုင်းပြီး ပြင်ကြဖြည့်ကြ လုပ်ပေးကြမယ်လို့လည်း ယုံကြည်ပါတယ်။ အခု ထွက်သွားပြီးတာ ၂၀၀၂ စာစုပါ၊ အခု ၂ဝဝ၃ စာစုကို ဆက်လက်ထုတ်ဝေ ပါတယ်။
စာမျက်နှာ
136
ပုံစံ
Paperback
ထုတ်ဝေသူ
စိတ်ကူးချိုချို
ထုတ်ဝေသည့်နှစ်
2003
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
21 × 13.3 cm
ISBN
978-9-997-11138-8
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
မြန်မာ့သမိုင်း