
စာဟောင်းတွေရဲ့ ဘဝသစ်
စာရေးသူ - ဝင်းတင်
အကျဉ်းချုပ်
ကျွန်တော်က သတင်းစာအလုပ်မှာသာ ဘဝနဲ့ ကလောင်ကို နှစ်မြှုပ် လုပ်ကိုင်ခဲ့ပါတယ်။ သတင်းစာလုပ်ငန်းနဲ့ ဆက်စပ်ပြီး စာတိုစာရှည်တွေ ရေးခဲ့တယ် ။ ဒါပေမဲ့ စာရေးဆရာ ဖြစ်မလာပါဘူး ။ အခု ကျွန်တော့်အသက် ရှစ်ဆယ်ကျော်ပါပြီ ။ ရှစ်ဆယ်ကျော်မှ ကံပေါ်တယ် ပြောရမလားမသိ။ ကျွန်တော့်စာတိုပေစတွေ လုံးချင်းစာအုပ်တွေ လူငယ်စာပေ ဝါသနာရှင်တွေ စာအုပ်လုပ်ငန်းရှင်တွေက ကောက်သင်းကောက် ပြန်ရှာကြပြီး ပေါင်းချုပ်တွေထုတ်ကြ၊ လုံးချင်းတွေထုတ်ကြ လုပ်လာကြတယ်။ ဒီလိုနဲ့ လွန်ခဲ့တဲ့ ၄၉ နှစ်က ထုတ်ဝေခဲ့တဲ့ ခရီးသွားမှတ်တမ်းစာအုပ်တစ်အုပ်တောင် ဘဝသစ် ဝင်စားခွင့် ရလာခဲ့တယ် ။ ဒီစာအုပ်ဟာ အဲဒီလို ဘဝသစ်ဝင်စားခွင့်ရတဲ့ ကျွန်တော့်ရဲ့ စာတိုပေစ စာအုပ် ဖြစ်ပါတယ် ။ ကျွန်တော့်စာတိုပေစတွေဟာ တစ်ကြော့တစ်ဖန် ပြန်စုသင့်သေးသလား ၊ ပြန်ထုတ်ထိုက်သေးသလား၊ ပြန်ဖတ်ကောင်းသေးသလား စာဖတ်သူတို့က အကဲဖြတ်နိုင်ပါလိမ့်မယ် ။ ကျွန်တော့်အဖို့ကား နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သားချင်းဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းခွင့်ရတာကို ပျော်ပါတယ်။ ဟံသာဝတီဦးဝင်းတင်
စာမျက်နှာ
159
ပုံစံ
Paperback
ထုတ်ဝေသူ
လူထုကြီးပွားရေးပုံနှိပ်တိုက်
ထုတ်ဝေသည့်နှစ်
2013
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
20.5 × 14.2 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
မြန်မာစာပေ
အမျိုးအစားခွဲများ
သုတ