
ရဟန်းသိဖွယ်အသွယ်သွယ်
စာရေးသူ - အရှင်အဘယာလင်္ကာရ
အကျဉ်းချုပ်
ဤဂါထာစကား၏ လိုရင်းအဓိပ္ပာယ်မှာ သုတ္တန်ပိဋကတ်နှင့် အဘိဓမ္မာပိဋကတ် ကွယ်ပျောက်သော်လည်း ဝိနည်းပိဋကတ် မကွယ် ပျောက်သေးလျှင် သာသနာတော် ပြန်၍ တည်နိုင်သေး၏ဟု ဖြစ်၏။ ထိုစကားကို ဗျတိရေက (ပြောင်းပြန်) ယူလိုက်လျှင်လည်း သုတ္တန်ပိဋကတ် နှင့် အဘိဓမ္မာပိဋကတ် မည်မျှပင် တည်ရှိနေကာမူ ဝိနည်းမတည်လျှင် သာသနာ ကွယ်ပျောက်လေရာ၏ဟု သဘောသက်ရောက်လေ၏။ ထိုစကား မှန်၏။ သင်္ဂါယနာတင် မထေရ်တို့ ကလည်း “ဝိနယော နာမ သာသနဿ အာယု” (ဝိနည်းမည်သည် သာသနာတော်၏ အသက်) ဟု ကြွေးကြော်ခဲ့သည် မဟုတ်ပါလော။ ဝိနည်းတည်တံ့ခြင်းဟူသော စကားသည်လည်း ကျောက်စာ၊ ပေစာ၊ စာအုပ်ပေါ်တို့၌ တည်ရှိနေသည်ကို ဆိုလိုသည်မဟုတ်။ ရဟန်းသာမဏေတို့ သန္တာန်ဝယ် လိုက်နာ ကျင့်သုံးသောအားဖြင့် တည်ရှိနေခြင်းကို ဆိုလိုသည်။ မှန်၏။ ထို့ကြောင့် ပင် သင်္ဂါယနာတင်မထေရ်တို့ကလည်း ‘အနာဂတေ လဇ္ဇီ ရက္ခိဿတိ၊ ရက္ခိဿတိ၊ ရက္ခိဿတိ”ဟု ကြွေးကြော်ခဲ့ကြသည် မဟုတ်ပါလော။ ထိုစကားအားလုံးကို နိဂုံးချုပ်လိုက်လျှင် ဝိနည်းတော်များကို သိအောင် ပြုလုပ်၍ သိသည့်အတိုင်း လိုက်နာပြုကျင့်သင့်၏။ သို့မှသာ သာသနာတော် အရှည်တည်တံ့ပေမည်။
စာမျက်နှာ
232
ပုံစံ
Paperback
ထုတ်ဝေသူ
သီရိရတနာပဠိကတ်စာပေ
ထုတ်ဝေသည့်နှစ်
2024
ထုတ်ဝေမူ
4th Edition
စာအုပ်အရွယ်အစား
20.5 × 14.5 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး