
သာသနာ့တံခွန် စံပြပုဂ္ဂိုလ်ထူး သပြေကန်ဆရာတော်ဘုရား အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု
စာရေးသူ - ဒေါက်တာမင်းတင်မွန်
အကျဉ်းချုပ်
သပြေကန်ဆရာတော်၏ ပဋိပတ္တိစွမ်းရည်များမှာလည်း ထူးခြား ပြောင် မြောက်လှပါသည်။ ဆရာတော်သည် လက်တွေ့ ကျင့်ကြံနေထိုင်အားထုတ်မှု ဖြင့် ရဟန်းရှင်လူအပေါင်းတို့အား အကောင်းဆုံးကျင့်ကြံနေထိုင်နည်း တရား လမ်းစဉ်ကို မိမိကို စံနမူနာပြ၍ ညွှန်ကြားဆုံးမသွားတော်မူသည်။ ဆရာတော်၏ထူးခြားပြောင်မြောက်သည့် ဂုဏ်ရည်များကြောင့် နိုင်ငံတော် အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့၊ အဘိဓဇမဟာရဋ္ဌဂုရုဘွဲ့ ဟူသော အမြင့်ဆုံး ဘွဲ့တံဆိပ်တော်များကို ဆက်ကပ်ပူဇော်ခဲ့သည်။ ဆရာတော်ဘုရား ပျံလွန်တော်မူသည့် ၄ နှစ်မြောက် ပူဇော်သဘင်အခမ်း အနား၌ ဆရာတော်၏ ထေရဂုဏ်ရည်များကို ကျွန်တော်ချီးကျူးပူဇော်ခွင့် ရ သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူ၍ မဆုံးပါ။ ကျွန်တော်၏ စွမ်းရည်ရှိသမျှ ဆရာတော်အား ထိုက်ထိုက်တန်တန် ပူဇော်နိုင်ရန်အတွက် ဆရာတော်၏ ထေရုပ္ပတ္တိ၊ ထေရဂုဏ်ရည်များ၊ ဟောတရားများ၊ ရေးတရားများနှင့် ကျင့်ကြံမိန့်ဆိုချက်များကို ဖတ်ရှုလေ့လာခဲ့သည်၊ မေးမြန်းစုံစမ်းခဲ့သည်၊ ဤကြိုးပမ်း ချက်များမှ ယခုဤစာအုပ် ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ သပြေကန်ဆရာတော်၏ နာမည်၊ ဂုဏ်ရည်များနှင့် ဟော, ပြော, ရေး, ကျင့် တရားများသည် ဤကမ္ဘာတည်သရွေ့ တည်တံ့ခိုင်မြဲကြပါစေသော်။
စာမျက်နှာ
252
ပုံစံ
Paperback
ထုတ်ဝေသူ
မြမွန်ရတနာစာပေ
ထုတ်ဝေသည့်နှစ်
1999
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 15 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး