
မြန်မာမင်း အုပ်ချုပ်ပုံ စာတမ်းနှင့် ဘိုးတော်ဘုရားကြီး၏ ရာဇသတ် ခေါ်သော အမိန့်တော်တမ်းကြီး (၅ တွဲပေါင်းချုပ်)
စာရေးသူ - ဘိုးတော်ဘုရားကြီး
အကျဉ်းချုပ်
ယခုစာတမ်းမှာ ခွဲခြမ်းဝေဖန်သင့်သည့်အတိုင်း အပိုင်း၊ အခန်းကြီး၊ အခန်းငယ်၊ ဆိုင်ရာဂဏန်းစဉ် ခွဲခြားပြီးလျှင် နီးစပ်သောအချက်၊ ဆက်နွယ် ပါဝင်သင့်သမျှ အကြောင်းများကို အကြောင်းအလိုက် ထိုက်သက်ရာထောက်ရှု၍ စုပေါင်းပြသခြင်း ဖြစ်သတည်း။ ၅။ ၎င်းပြင် အဝှန်းဂဏန်းစဉ် ဆိုသည်ကား အပိုင်းမှ စ၍ အခန်းကြီး၊ အခန်းငယ်နှင့်တကွ ဆိုင်ရာ ဂဏန်းစဉ်ပါ ရောပေါင်း၍ အကြောင်းအရာ ရှိသမျှ အစေ့အင ဖော်ပြသော ဂဏန်းစဉ်ကို ဆိုလိုသည်။ အချက်တစ်ခုခုကို ကြည့်ရှုရန် ရည်ညွှန်းလျှင် အဝှန်းဂဏန်းစဉ်ကို ပြဆိုလိမ့်မည်။ ၆။ ၎င်းပြင် မာတိကာမှာလည်း ၄ မျိုး ခွဲခြားထားသည်။ ၄ မျိုး ဟူသည်ကား - (၁) ထပ်ချုပ် မာတိကာ၊ (၂) အချုပ်မာတိကာ၊ (၃) ချုပ်လတ်မာတိကာ၊ (၄) အကျယ်မာတိကာ အားဖြင့် ခွဲခြားထား သတည်း။ (၁) ထပ်ချုပ်မာတိကာ ဟူသည်ကား အပိုင်း ၆ တွင် ပါဝင်သော ခေါင်းစဉ်အချုပ်ကို ပြဆိုသည်ကို ဆိုလိုသည်။ (၂) အချုပ်မာတိကာ ဆိုသည်ကား အခန်းကြီး ၁၃ တွင် ပါဝင်သော ခေါင်းစဉ်များ ပြဆိုသည်ကို ဆိုလိုသည်။ (၃) ချုပ်လတ်မာတိကာ ဟူသည်ကား အခန်းငယ် ၆၅ တွင် ပါဝင်သော ခေါင်းစဉ်များကို ပြဆို ရာကို ဆိုလိုသည်။
စာမျက်နှာ
707
ပုံစံ
Paperback
ထုတ်ဝေသူ
ပန်းရွှေပြည်စာအုပ်တိုက်
ထုတ်ဝေသည့်နှစ်
2012
ထုတ်ဝေမူ
3rd Edition
စာအုပ်အရွယ်အစား
26.5 × 19.5 cm
ISBN
978-9-997-13154-6
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
သမိုင်း
အမျိုးအစားခွဲများ
ရာဇဝင်