
ဒေသနာပန်းခိုင် တရားပေါင်းချုပ် (အတွဲ ၂)
စာရေးသူ - ပါမောက္ခဒေါက်တာအရှင်အာစာရ
အကျဉ်းချုပ်
ပိဋကတ်သုံးပုံသည် ပန်းမျိုးစုံထည့်ထားသည့် ခြင်းတောင်းကြီးနှင့်တူ၏။ ပန်းကုံးသမားသည် ထိုခြင်းတောင်းကြီးထဲမှ အနီနှင့် တန်သောနေရာမှာ အနီကိုယူ၍, အဝါနှင့်တန်သောနေရာမှာ အဝါကိုယူ၍, အကြီးနှင့် တန် သောနေရာမှာ အကြီးကိုယူ၍, အငယ်နှင့်တန်သောနေရာမှာ အငယ်ကို ယူ၍, ကြည့်၍ကောင်းအောင် စီကုံးတတ်ပါမှ လူအများ နှစ်သက်သလို.. ပိဋကတ်သုံးပုံတည်းဟူသော ခြင်းတောင်းကြီးထဲမှသုတ်နှင့် တန်သော နေရာမှာသုတ်, ဝိနည်းနှင့်တန်သော နေရာမှာ ဝိနည်း, အဘိဓမ္မာနှင့်တန် သော နေရာမှာ အဘိဓမ္မာကို တရားဟောသောဒေသ၊ တရားနာသော ပရိတ်သတ်၊ တရားနာသော ကိစ္စ အားလျော်အောင် ဟောတတ်ပါမှ ပရိသတ် သဘောကျပါသည်။ * ဟောသည့်အခါမှာလည်း ပထမ, ဟောမည့် တရားကို စကားပလ္လင်ခံပြီး၊ ဒုတိယ၊ တရားကို အကျယ်ဖွင့်၍၊ တတိယ, သစ္စာလေးပါးဖြင့် ဖုံးအုပ်ကာ အဆုံးသတ်လျက်ဟောမှ မြတ်စွာဘုရား၏ ဟောနည်းကျပါသည်။ တရားဟောခြင်းသည် “သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ”ဟု ဆိုသည့်အတိုင်း “ အမြတ်ဆုံးသောဒါန”ဖြစ်သည့်အပြင်၊ ပဋိပတ္တိသာသနာပြုသည် မည်ပါ သည်။ စာချသော အလုပ်သည် ပရိယတ္တိသာသနာကို ပြုသည်မည်ပါ သည်။တရားဟောသောသူနှင့် စာချသောသူမရှိလျှင်သာသနာတော်ကြီး မကွယ်ပရအောင် တတ်နိုင်သည့်ဘက်မှ ဆောင်ရွက်ကြစေရန်ရည်သန်လျက်။
စာမျက်နှာ
269
ပုံစံ
Paperback
ထုတ်ဝေသူ
အရှေ့အိမ်
ထုတ်ဝေသည့်နှစ်
2025
ထုတ်ဝေမူ
1st Edition
စာအုပ်အရွယ်အစား
24.5 × 16.6 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး