
အဌကထာနိဿယ စာချနက်၊ မိုးထိမူ (တတိယတွဲ)
စာရေးသူ - ဘဒ္ဒန္တ ဇာဂရမထေရ်
အကျဉ်းချုပ်
သုတ္တနိပါတ်ပါဠိတော်နှင့် နိသာယတို့၌ ကြည့်ရှုစရာ၊ လေ့လာ မှတ်သားစရာများ၊ လက်တွေ့ ရှောင်ကြဉ် လိုက်နာကျင့်သုံးရမည့်အရာများ များစွာ ပါဝင်ပါသည်။ ထိုအထဲမှ အနည်းငယ် ထုတ်ပြရလျှင်- (၁) နွားမွေးမြူရေးသမား သူဌေးသား ဓနိယအား ဟောကြားသည့်တရား နှင့် နောက်ဆုံး တရားထူးရကာ ရဟန်ပြုပြီး ရဟန္တာဖြစ်သွားပုံ။ (၂) လယ်သမားကြီး ကသိဘာရဒွါဇအား ဟောကြားတော်မူသည့်တရား နှင့် ရဟန္တာဖြစ်၍ သံသရာဘဝဝင်မှ လွတ်မြောက်သွားပုံ။ (၃) အဖေ မာဂဏ္ဍီ၊ အမေ မာဂဏ္ဍီ၊ သမီး မာဂဏ္ဍီ မိသားစု ဘုရားရှင်နှင့် တွေ့ဆုံကြရာ ဘုရားရှင် တရားဟောတော်မူသဖြင့် အဖေ-အမေ မာဂဏ္ဍီဇနီးမောင်နှံတို့ အာသဝေါကုန်ခန်း ရဟန္တာဖြစ်သွားကြပုံ။ (၄) သဘိယပရိဗိုဇ်၏ မေးမြန်းချက်ကို ဖြေကြားသော တရားတော်များ ကြောင့် ရဟန်းပြု၍ ရဟန္တာဖြစ်သွားပုံ။ (၅) လုလင်ပျို (လူငယ်) တို့၏ အမေးကို ဖြေကြားသော တရားတော် များကို နာယူရ၍ တရားထူးရကြပုံ။ စသည့် အလွှာအသီးသီး၊ ပုဂ္ဂိုလ်အမျိုးမျိုးအတွက် ဟောကြားတော်မူ သော တရားဒေသနာတော်များကို ဤသုတ္တနိပါတ်ပါဠိတော်၊ အဋ္ဌကထာနှင့် နိဿယတို့၌ ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။
စာမျက်နှာ
649
ပုံစံ
Paperback
ထုတ်ဝေသူ
ဗုဒ္ဓစာပေထိန်းသိမ်းပြန့်ပွားရေးအဖွဲ့
ထုတ်ဝေသည့်နှစ်
2019
ထုတ်ဝေမူ
2nd Edition
စာအုပ်အရွယ်အစား
25 × 18 cm
ISBN
-
ပစ္စည်းလက်ကျန်
ရရှိနိုင် (10)
အမျိုးအစား
ဘာသာရေး
အမျိုးအစားခွဲများ
ဘာသာရေး